ရန်ကုန်၊ မေ ၁ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်တွင် ရေပေါ်အမှတ်အသားနှင့် ကမ်းပေါ်အမှတ်အသားများကို လအလိုက် တပ်ဆင်ပေးလျက်ရှိ ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရေအရင်း အမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန (ရေလမ်း သတ်မှတ်ရေး)မှ သိရသည်။
ရန်ကုန်၊ ဧပြီ ၁၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြစ် အတွင်းသို့ ပြုတ်ကျသွားသော မြောင်းမြကြိုးတံတားအား ပြန်လည်ဆယ်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) ကရင်ပြည်နယ်အတွင်းရှိ သထုံ – ဘားအံ – ကော့ကရိတ် – မြဝတီ လမ်းပေါ်ရှိ ဂျိုင်း (ကော့ကရိတ်) ကြိုးတံတား၏ သက်တမ်းနှင့် ခံနိုင်ဝန် အင်အား လျော့နည်းလာမှုကြောင့် (၁၉-၄-၂၀၁၈)ရက်နေ့မှ စတင်၍ အဆိုပါ ကြိုးတံတားပေါ်သို့ ၁၃တန်(ယာဉ်+ကုန်)နှင့်အောက်...
ရန်ကုန်၊ ဧပြီ ၁၀ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနသည် E-Band (Uplink 71.125 GHz~75.875 GHz, Downlink 81.125 GHz ~ 85.875 GHz) အတွင်းရှိလှိုင်းနှုန်းများအား ITU Recommendation နှင့်အညီ 250 MHz Bandwidth ရှိသော Channel...
ရန်ကုန်၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ရေးမြို့နယ် မြောက်ပိုင်းဒေသရှိ ကျေးရွာ ၂ဝ ခန့်တွင် လျှပ်စစ်မီး စတင်ဖြန့်ဖြူးပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းရှိ ကြိုးတံတား (၂၉)စင်းကို ပြည်သူများအနေဖြင့် စိုးရိမ်မှု မရှိ အသုံးပြုကြပါရန်နှင့် အဆိုပါ တံတားများ ရေရှည်တည်တံ့ ခိုင်မြဲရေးအတွက် အလေးပေး ဆောင်ရွက်လျက် ရှိကြောင်း၊ ပြည်သူလူထုအနေဖြင့် အဆိုပါ ကြိုးတံတားများပေါ်တွင် သတ်မှတ် ခံနိုင်ဝန်ထက်...
မန္တလေး၊ မတ်လ ၃၀ ရက် (ဆင်ဟွာ) မိုးကုတ် နှစ် ၈၀၀ ပြည့် အထိမ်းအမှတ် အဖြစ် ကျင်းပသည့် ပထမ အကြိမ် မြန်မာ့ ကျောက်မျက်သွေး လက်စွမ်းရည် ပြိုင်ပွဲ၌ အနိုင်ရရှိသူများစာရင်းကို ယနေ့ညနေ ၃ း ၃၀ နာရီတွင် ထုတ်ပြန် ကြေညာခဲ့ပြီး...
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) မီးရထား စက်ခေါင်းသစ် တပ်ဆင်ထုတ်လုပ်ရေးစက်ရုံ (နေပြည်တော်) တည်ဆောက်မှုပြီးစီးပါက တစ်နှစ်လျှင် စက်ခေါင်း ၂၀ခေါင်း ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း နှင့် ရွှေစွမ်းအင်ကုမ္ပဏီလီမိတက် တို့အကြား ဆဋ္ဌမအကြိမ်မြောက် လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘော တူစာချုပ် လက်မှတ်ရေးထိုးပွဲအခမ်း အနားကို ယမန်နေ့ ညနေ ၆ နာရီခွဲ တွင် နေပြည်တော် Horizontal Lake View...
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) နေပြည်တော်လေဆိပ်၌ ဘန်ကောက်လေကြောင်းလိုင်းမှ ART-72 လေယာဉ် တစ်စီး မတ်လ ၂၇ ရက် ညက ဆိုက်ရောက်အပြီး တွင် စက်ချို့ယွင်း၍ ညအိပ်ရပ်နား မှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်ခဲ့သည်။