Connect with us

Science & Technology

ရန်ကုန်တိုင်းဒေသကြီးတွင် စက်မှုဇုန်ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးသွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်အားတွေ့ရစဉ် (ဓာတ်ပုံ--YRG)

ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုဇုန်ကော်မတီများကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးသွားမည် ဖြစ်ကြောင်း၊ ဒဂုံတောင် စက်မှုဇုန်တွင် ရှေ့ပြေးစီမံချက် အနေဖြင့် စတင်ဆောင်ရွက် ရန် စီစဉ်နေပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဒုတိယအကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ ဆဌမပုံမှန်အစည်းအဝေးကို ယနေ့၊ နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့ရာ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်မောင်က ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အတွင်းရှိ ဒဂုံအရှေ့စက်မှုဇုန်ကော်မတီကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းပေးရန် အစီအစဉ် ရှိ၊မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းရာ ဝန်ကြီးက အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

“ဇုန်ကော်မတီတွေကိုပြန်လည်ဖွဲ့စည်း သွားဖို့ရှိပါတယ်၊ ဇုန်ကော်မတီတွေကိုပြန်လည်ဖွဲ့စည်းသွားဖို့မှာ အားလုံး ဇုန်တစ်ခုခြင်းလိုက်မဟုတ်ပဲနဲ့ နီးစပ်ရာ ဇုန်တွေကို အားလုံးပေါင်းစပ် ပြီးတော့ စက်မှုဇုန် အဆင့်မြှင့်တင်ရေး ကြီးကြပ်ကော်မတီမှ တစ်ဆင့် One Stop Service တွေဖြစ်လာအောင် နဲ့ အစိုးရနဲ့ ပုဂ္ဂလိက ကနေပြီးတော့ Service လုပ်မယ့် ကုမ္ပဏီကို သီးခြားထားပြီး ကော်မတီမှ ကြီးကြပ်အုပ်ချုပ်ဖို့နဲ့ ဇုန်ကော်မတီတွေကို ပြန်လည်ဖွဲ့စည်းသွားမှာ ဖြစ်တဲ့အတွက် လတ်တလောမှာ လက်ရှိ ရှိနေတဲ့ ဇုန်ကော်မတီတွေ အားလုံးကို ပြန်လည်ဖွဲ့စည်းခြင်း မပြုဘဲနဲ့ ကျွန်မတို့ အနေနဲ့ ဆိုင်းငံ့ထားခြင်းဖြစ်ပါတယ်။”ဟု စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြန်လည်ဖြေကြားခဲ့သည်။

ယခုအခါ ဇုန်ကော်မတီများ ပြန်လည်ဖွဲ့စည်းရန်နှင့် စက်မှုဇုန် အဆင့်မြှင့်တင် ရန် အတွက် အကောင်းဆုံး ဖြစ်သည့် ကျူးကျော်မရှိသည့် ဒဂုံတောင် စက်မှုဇုန်တွင် Pilot Project (ရှေ့ပြေးစီမံချက်) အနေဖြင့် စတင်ဆောင်ရွက်ရန် စီစဉ်နေပြီဖြစ်ကြောင်း ဝန်ကြီးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်းမှာ စက်မှုဇုန် (၂၉) ခုရှိကြောင်း၊ ထိုစက်မှုဇုန် (၂၉)ခု စလုံးဟာ လူမရှိသည့်ပုံစံဖြစ်နေကြောင်း၊ စက်မှုဇုန်တွေ စတင်တည်ထောင် ကတည်းက စက်မှုဇုန်၏ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းစနစ်တကျနှင့် ပြဌာန်းနိုင်ခဲ့ခြင်း မရှိကြောင်း၊ (၂/၉၇) ဆိုသည့် ညွှန်ကြားချက် တစ်ခုထဲနှင့် စက်မှုဇုန်တွေကို တည်ထောင်ပြီး မြေကွက်တွေကို အဖွဲ့ ခွဲပြီး ရောင်းချခဲ့သည့် ပုံစံဖြစ်နေကြောင်း၊ ဒါကြောင့် အခုစက်မှုဇုန်တွေသည် (Infrastructure) တွေ လုံးဝပြည့်စုံမှုမရှိကြောင်း၊ ရေသန့်ရရှိရေး၊ ရေဆိုးစွန့်ပစ်ရေး၊ အမှိုက်စွန့်ပစ်ရေး၊ လျှပ်စစ်ပြီးရရှိရေး၊ လုပ်ငန်းတွေအားလုံး စနစ်တကျမရှိဘဲဖြစ်နေကြောင်း၊ တချို့က ဒီ စက်မှုဇုန် မှာ လုပ်ငန်းလုပ်ကိုင်ဖို့ မဟုတ်ဘဲ မြေဈေးကစားလိုပြီး ဈေးကောင်းရသည့် သူတွေကို ပြန်လည်ရောင်းချဖို့ ရည်ရွယ်ချက်တွေနှင့် မြေကွက်တွေရယူထားကြောင်း၊ အသုံးမပြုသည့် မြေတွေကို စာရင်းတွေကိုလည်း အားလုံးကောက် ခံထားပြီးဖြစ်ကြောင်း၊ အဆိုပါ စက်မှုဇုန် (၂၉) ခုစလုံး အဆင့်မြှင့်တင်ဖို့ အတွက် စက်မှုဇုန်များ အဆင့်မြင့်တင်ရေး ကြီးကြပ်ကော်မတီ ကိုလည်း ဖွဲ့စည်းထားပြီးဖြစ်ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.