Connect with us

Science & Technology

ကုလားတန်မြစ်ကူးတံတား (ပလက်ဝ) ၃၅ ရာခိုင်နှုန်းပြီးစီး

တံတား စီမံကိန်း၏ ပုံကြမ်းအားတွေ့ရစဉ် (ဓာတ်ပုံ--MOI)

ရန်ကုန်၊ မေ ၂၂ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်၊ ပလက်ဝ-ဆမီး-မတူပီလမ်းပိုင်းပေါ်တွင် မြစ်ကူးတံတားတစ်စင်းကို တည်ဆောက်ပေးလျက်ရှိရာ ၃၅ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရသိရသည်။

အဆိုပါ မြစ်ကူးတံတားစီမံကိန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှစ၍ ပြည်ထောင်စုငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် သုံးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန် တံတားတည်ဆောက်ရေးစီမံကိန်းကို ၁-၅-၂၀၁၇ နေ့မှ စတင်၍ တိုင်းတာမှု လုပ်ငန်းများဆောင်ရွက်ကာ လမ်းအူကြောင်းအနေဖြင့် ထိခိုက်မှုအနည်းဆုံးလမ်းကြောင်းကိုရွေးချယ်တည်ဆောက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တံတားတည်ဆောက်မှု ပြီးစီးရန် ရည်မှန်းထားကြောင်းသိရသည်။

ယင်းမြစ်ကူးတံတားမှာ ပလက်ဝ-မတူပီလမ်းပိုင်းပေါ်၌ တည်ရှိသည်။ ပင်မတံတားအရှည်မှာ ၅၉၂ မီတာ (၁၉၄၂ ပေ) ရှိပြီးယာဉ်သွားလမ်းအကျယ် ၇ ဒသမ ၅ မီတာ၊ ပင်မတံတားဘေးတစ်ဖက်စီတွင် လူသွားလမ်းတစ်မီတာစီရှိသည်။

အုတ်မြစ်တွင်အကျယ်သံကူကွန်ကရစ်ဘိုးပိုင်အမျိုးအစား၊တံတားအောက်ထည်မှာသံကူကွန်ကရစ်ဖြစ်ကာတံတားအပေါ်ထည်မှာသံမဏိသံပေါင် (Steel Truss)၊သံကူကွန်ကရစ် ကြမ်းခင်းဖြစ်သည်။ တံတား၏ ရေလမ်းကင်းလွတ် အကျယ် ၁၀၅ ဒသမ ၄ မီတာ၊ အမြင့် ၁၅ မီတာဖြစ်ကာယာဉ်တစ်စီးချင်းခွင့်ပြု တန်အလေးချိန် HS-25 Load Class ဖြစ်သည်။ ဤတံတားစီမံကိန်း တန်ဖိုးမှာကျပ်သန်း ၂၀,၀၀၀ ဖြစ်ကာ ၂၀၂၀ ခုနှစ်တွင် တည်ဆောက်မှု ပြီးစီးမည်ဖြစ်ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.