Connect with us

Social

NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေ သြဂုတ် ၁၇ ရက်နေ့ သဂြိုလ်မည်

NLD ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေအားတွေ့ရစဉ်(ဓာတ်ပုံ- NLD)

ရန်ကုန်၊ သြဂုတ် ၁၅ ရက်(ဆင်ဟွာ)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေကို သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၁၁နာရီတွင် ရေဝေးသုသာန်သို့ ပို့ဆောင်သဂြိုလ်မည်ဖြစ်ကြောင်း အဖွဲ့ချုပ်ထံမှ သိရသည်။

ဥက္ကဋ္ဌဟောင်း ဦးအောင်ရွှေသည် သြဂုတ်လ ၁၃ ရက်နေ့ ညနေ ၉နာရီ၃၆မိနစ်တွင် ဝိတိုရိယ အထွေထွေရောဂါကု ဆေးရုံကြီးတွင် ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်ချိန်တွင် အသက် ၁၀၁နှစ်ရှိပြီဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ဦးအောင်ရွှေ သည် သံအမတ်ကြီး (အငြိမ်းစား) ဗိုလ်မှူး ချုပ်ဟောင်း(Bc – 3505) အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ( ဥက္ကဋ္ဌ ) ဟောင်းအဖြစ် လုပ်ဆောင်ခဲ့ပြီး စည်သူ၊သရေစည်သူ မော်ကွန်းဝင် (ပထမဆင့်) နိုင်ငံဂုဏ်ရည် (ပထမဆင့်) ရရှိထားသူတစ်ဦးလည်းဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.