ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) ရခိုင်ပြည်နယ် စစ်တွေ-ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်-မောင်တော လမ်း နှင့် အဆိုပါ လမ်းပေါ်ရှိ တံတား(၅)စင်းအား ဧပြီ ၁ ရက်တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန်၊ မတ် ၂၈ ရက် (ဆင်ဟွာ) ရွှေတောင်မြို့နယ် မီးလောင်ကျေးရွာ မင်္ဂလာရုံကျောင်းဝင်းအတွင်းရှိ ခြုံနွယ်အတွင်း မတ် ၂၇ ရက်နေ့၌ ရှေးဟောင်း ရုပ်ပွားတော်နှင့် စေတီတော် ၁၂၇ ဆူ တွေ့ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် အတွင်းရှိ ဦးပိန်တံတားပေါ်တွင် ဈေးရောင်းချနေသော ဆိုင် ၆၁ဆိုင် ကို မန္တလေး မြို့တော်စည်ပင်သာယာရေးကော်မတီ သန့်ရှင်းရေးဌာနမှ မတ် ၂၆ ရက်နေ့တွင် စတင် ဖယ်ရှားခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၇ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၌ ဘတ်စ်ကားများတွင်ကတ်စနစ်ဖြင့် ဆောင်ရွက်နိုင်ရန် တင်ဒါခေါ်ယူထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကပြောကြားသည်။
ရန်ကုန်၊ မတ် ၂၆ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ကျောက်တော်ကြီး ဘုရားဝင်းအတွင် မြန်မာ့သနပ်ခါး ပွဲတော်ကို မတ် ၃၀နှင့် ၃၁ရက် နှစ်ရက် ကျင်းပမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင်သာရှိသော ဒေသရင်းဖွားလိပ်မျိုးစိတ်သည် လက်ရှိတွင် ၁၁မျိုးအထိ ရှိလာကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ မတ် ၂၅ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်းဘေး သဲသောင်ပြင်တွင် ချင်းတွင်းသြင်္ကန်ကာလအတွင်း ရေကစားကြမည့် ပြည်သူများ ရေနှင့်ပတ်သက်သည့် အန္တရာယ်မဖြစ်ပွားစေရေးအတွက် လုံခြုံရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ရန်ကုန်၊ မတ် ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်ဝါးတားဘတ်စ် (Yangon Water Bus)၏ ဒုတိယပတ်မြောက် ရေလယ် ကျောက်တန်း ဘုရားဖူးခရီးစဉ်ပြေးဆွဲမှုတွင် ခရီးသည် ၁၉ဝ အတွက် ဝန်ဆောင်မှုပေး သွားမည်ဖြစ်ကြောင်း တင့်တင့်မြန်မာကုမ္ပဏီ မှ သိရသည်။
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး သြင်္ကန်ပွဲတော်၌ မြို့တွင်းကိုးမြို့နယ်ကို အချိန်အကန့်အသတ်ဖြင့် ရေပေးဝေမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်သား မြို့နယ်၊ ဝမ်းတွင်းမြို့နယ်၊ ကျောက် ဆည်မြို့နယ်နှင့် တံတားဦး မြို့နယ် တို့မှ နွေစပါးစိုက်ဧက ကိုးသောင်း ကျော် အတွက် စိုက်ပျိုးရေများကို ကင်းတားဆည်မှ ပေးဝေ သွားမည် ဖြစ်ကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော...