Connect with us

Social

ဆူးလေရှန်ဂရီလာဟိုတယ် Wedding Fairနှင့် အာဆီယံ ဖက်ရှင်ဒီဇိုင်နာများ ပူးပေါင်းပြီး ဖက်ရှင်ရှိုးပွဲ နှစ်ရက်ကျင်းပမည်


ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ)

ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာ ဟိုတယ်၏ Lifestyle & Wedding Fairနှင့် အာဆီယံ ဖက်ရှင် ဒီဇိုင်နာများပါဝင်သော ASEAN Fashion Designer Showcase(AFDS)တို့ ပူးပေါင်းပြီး ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် ဖက်ရှင်ရှိုးပွဲကို နှစ်ရက် ကျင်းပမည်ဖြစ်ကြောင်း အဆိုပါပွဲကျင်းပရေးနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲထံမှ သိရသည်။

အဆိုပါ ဖက်ရှင်ရှိုးပွဲကို Iconic Inspirations ဟုအမည်ပေးထားပြီး မေလ ၂၆ရက်နှင့် ၂၇ ရက်နေ့တို့တွင် ကျင်းပမည်ဖြစ်ကြောင်း၊ ဖက်ရှင်ရှိုးပွဲ ပထမရက်တွင် မြန်မာနိုင်ငံ၏ နာမည်ကြီး ဒီဇိုင်နာအများစု၏ လက်ရာများကို ပြသမည်ဖြစ်ပြီး ဒုတိယရက်တွင် ASEAN Fashion Designer Showကို ကျင်းပမည်ဖြစ်ကာ မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံ ၉ နိုင်ငံမှ ဖက်ရှင်ဒီဇိုင်နာများ၏ လက်ရာများကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

ဆူးလေရှန်ဂရီလာဟိုတယ် Wedding Fairနှင့် အာဆီယံ ဖက်ရှင်ရှိုးပွဲ ကျင်းပရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှုအားတွေ့ရစဉ်(ဆင်ဟွာ)

ဆူးလေရှန်ဂရီလာဟိုတယ် Wedding Fairနှင့် အာဆီယံ ဖက်ရှင်ရှိုးပွဲ ကျင်းပရန် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှုအားတွေ့ရစဉ်(ဆင်ဟွာ)

ယင်း Iconic Inspirationsဖက်ရှင်ရှိုးပွဲတွင် ခေတ်ပေါ်နှင့် မြန်မာ့ရိုးရာ မင်္ဂလာဝတ်စုံများ၊ ညနေခင်းဝတ်စုံများ ပြသမည်ဖြစ်ကြောင်း သိရသည်။

ASEAN Fashion Designer Showcase(AFDS)အဖွဲ့သည် မြန်မာနိုင်ငံတွင် ပထမဆုံး လာရောက် ပြသမည့် ပွဲဖြစ်ကြောင်း၊ အာဆီယံဖက်ရှင်လောကနှင့် ပတ်သက်၍ အနောက်နိုင်ငံများသည်လည်း အရှေ့ဘက်နိုင်ငံများအား စိတ်ဝင်စားလာကြောင်း၊ ဖက်ရှင်ဒီဇိုင်နာများအချင်းချင်း ပညာရပ်များကို အပြန်အလှန်လေ့လာခြင်း၊ မျှဝေခြင်းများ ပြုလုပ်ခြင်းဖြင့် ယခုထက် ပိုမိုကောင်းမွန်တိုးတက်အောင် ဖန်တီးလာနိုင်ကြမည်ဖြစ်ကြောင်း ASEAN Fashion Designer Showcase(AFDS)အဖွဲ့၏ ဥက္ကဋ္ဌ Mr. Hayden Ngက ဆင်ဟွာသို့ ပြောကြားသည်။

“မြန်မာဖက်ရှင်ကဏ္ဍဟာ တိုးတက်ပွင့်လင်းလာပြီး ပိုမိုကောင်းမွန် ခေတ်မီတဲ့ ဒီဇိုင်းတွေကို သုံးစွဲသူတွေ လိုအပ်ချက် ပြည့်မီအောင် လုပ်ပေးလာနိုင်တယ်” ဟု ဥက္ကဋ္ဌ Mr. Hayden Ng က မြန်မာနိုင်ငံ ဖက်ရှင်ကဏ္ဍကို သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ဖက်ရှင်ဒီဇိုင်နာအနေဖြင့် အာဆီယံအဖွဲ့တွင် ပါဝင်ပြသရသည့်အတွက် ဝမ်းသာမှုရှိပြီး မြန်မာဖက်ရှင်ဒီဇိုင်နာများအနေဖြင့် အခြားနိုင်ငံများကို ထိုးဖောက်ရန်အတွက် ထပ်မံကြိုးစားရမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံများကို ထိုးဖောက်နိုင်ရန် ပထမအဆင့်အနေဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း၊ AFDSအဖွဲ့မှ မြန်မာဒီဇိုင်နာများကို အဖွဲ့ဝင်များအဖြစ် ဖိတ်ကြားခဲ့သည့်အတွက် မြန်မာနိုင်ငံကိုယ်စားပြုပြီး ဒီဇိုင်နာ မမဉ္ဇူ၊ မိုးကုတ်ပေါက်ပေါက်နှင့် Charlotte Bargouတို့သုံးဦးက အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ဖက်ရှင်ဒီဇိုင်နာလုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ ဒေါ်မဉ္ဇူက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.