Connect with us

Social

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်း မိုးစပါး ၂၄၇၉ဝ ဧက စိုက်ပျိုး သွားရန် လျာထား

နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ စိုက်ပျိုးရေး လုပ်ငန်းခွင်များအား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ မေ ၂၂ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် မိုးစပါး ၂၄၇၉ဝ ဧက စိုက်ပျိုး သွားရန် လျာထားကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီး ဌာန ထံမှ သိရသည်။

ယခု ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် နာဂ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ အတွင်းရှိ မြို့နယ်နှင့်မြို့(၇)ခုတွင် မိုးစပါးများအား လျာထားချက် ပြည့်မီစွာ စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အတွင်းရှိ မြို့နယ် နှင့် မြို့နယ်ခွဲ များတွင် အများအားဖြင့် တောင်တန်းပေါ် တွင် ရှိသည့် အတွက် စိုက်ပျိုးရေးလုပ်ငန်းများသည် လှေကားထစ်၊ တောင်ယာစိုက်ပျိုးရေးများကို အဓိကထား လုပ်ကိုင်ကြကြောင်း ပြန်ကြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော သတင်း အရ သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.