Connect with us

Social

ကျောက်တန်း-တာမွေ YBS ယာဉ်လိုင်းသစ် မေလကုန်တွင် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိ

ရန်ကုန်မြို့ တွင်ပြေးဆွဲလျက်ရှိသည့် YBS ယာဉ်လိုင်းများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၁၈ ရက် (ဆင်ဟွာ)

ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ်၌ အဲကွန်း တပ်ဆင်ထားသော YBS ယာဉ်လိုင်းသစ်ကို မေလကုန်တွင် ပြေးဆွဲနိုင်ရန် စီစဉ်လျက်ရှိကြောင်း ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာဦးတင်ထွန်းထံမှ သိရသည်။

အဆိုပါ YBS ယာဉ်လိုင်းသစ်မှာ ကျောက်တန်းမှ တာမွေသို့ ပြေးဆွဲမည် ဖြစ်ပြီး ယာဉ်စီးရေ ၅ဝ ဖြင့်ပြေးဆွဲနိုင်ရန် စီစဉ်ထားကာ လတ်တလောတွင် ယာဉ်စီးခကို ငွေကျပ် ၂ဝဝ သတ်မှတ်ရန် ဆုံးဖြတ်ထားကြောင်း သိရသည်။

လက်ရှိတွင် ကျောက်တန်းမှ ရန်ကုန်မြို့တွင်းသို့ မီနီဘတ်စ် ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲနေပြီး ခရီးသွားပြည်သူများ အခက်အခဲတချို့ တွေ့ကြုံနေရကြောင်း၊ ကျောက်တန်းနှင့် ရန်ကုန် ခရီးစဉ်မှာ အကွာအဝေး ၂၂ မိုင်ခန့်ရှိပြီး နှစ်နာရီကြာ ကားစီးရသည့်အတွက် အဲကွန်း တပ်ဆင်ထားသော ဟွန်ဒိုင်းယာဉ်များဖြင့် ပြေးဆွဲနိုင်ရန် စတင်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

ရွှေတောင်ပိုင်း အများပိုင်ယာဉ်လိုင်း ကုမ္ပဏီ လက်အောက်တွင် ယာဉ်လိုင်းပေါင်း ၁ဝ လိုင်းပြေးဆွဲနေပြီး YBS ၃၂ ယာဉ်လိုင်း နှင့် YBS ၃၃ ယာဉ်လိုင်းတို့မှာ ကျောက်တန်းမြို့နယ်သို့ ပြေးဆွဲနေကာ YBS ၃၄ ယာဉ်လိုင်းမှာ သုံးခွမြို့နယ်နှင့် ခရမ်းမြို့နယ်တို့သို့ ပြေးဆွဲနေကြောင်း မြဝတီသတင်းတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.