ရန်ကုန်၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ) ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းမှရရှိလာသော အချက်အလက်များကို အခြေခံ၍ပြုစုထားသော သက်ကြီးရွယ်အိုအကြောင်းအရာ သုတေသနစာတမ်းအရ မြန်မာနိုင်ငံတွင် အသက် (၆၀) နှစ်နှင့်အထက် သက်ကြီးရွယ်အိုဦးရေ (၄.၅) သန်းခန့်ရှိကြောင်း အလုပ်သမား လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန မှ...
ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ) ဧရာဝတီလင်းပိုင် ထိန်းသိမ်းရေးဧရိယာကို ဧရာဝတီမြစ် ဒုတိယမြစ်ကျဉ်းနှင့် တတိယ မြစ်ကျဉ်းကြား မလယ်မှ ရွှေကူကြား ကီလိုမီတာ ၂၀၀ အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS) ထံမှ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၃ ရက် (ဆင်ဟွာ) ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်သားများဖြင့် တည်ဆောက်ထားသော မနူဟာနန်း ဘုရားဂူမှာ သက်တမ်းကြာမြင့်လာပြီဖြစ်၍ ဂူ၏မြောက်ဘက်နှင့်အနောက်ဘက်တို့တွင် ပျက်စီးလာခြင်းကြောင့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ လမှစတင်၍ အဆိုပါအပျက်အစီးများအား ဂျာမနီနိုင်ငံက ပြုပြင်ပေး မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၂ ရက် (ဆင်ဟွာ) မြောက်ဦးဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဒေသအဖြစ် သတ်မှတ်နိုင်ရေး ၂ဝ၁၈ ခုနှစ် စက်တင်ဘာလတွင် အဆိုပြုလွှာမူကြမ်း တင်သွင်းမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှရန်ကုန် မြို့တွင်း (၆)မြို့နယ်အတွင်း ယာဉ်များ စနစ်တကျရပ်နားနိုင်ရန် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ပါကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးကပြောသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ) စမ်းချောင်းမြို့နယ်အပါအဝင် အနောက်ပိုင်းခရိုင်အတွင်းရှိ အခြားမြို့နယ် များတွင် လမ်းမပေါ်တက်၍ လုပ်ငန်းဆောင်ရွက်နေသည့် ကျူးကျော်မှုများအား ၁.၁၂.၂၁၀၆ ရက်နေ့မှ ၂၅.၈.၂၁၀၇ ရက်နေ့အထိ တရားစွဲဆိုဆောင်ရွက်လျက်ရှိကြောင်း စည်ပင်သာယာရေးဝန်ကြီး ဦးမောင်မောင်စိုးက ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး သတ္တမနေ့တွင် လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းချက်အား ပြန်လည်ဖြေကြားခဲ့သည်။
နေပြည်တော်၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ) အကြမ်းဖက် ဖြစ်ရပ်ကြောင့် မိမိတို့နေရပ် စွန့်ခွာရသူများအား နေရာချထားရာတွင် ပြည်ပရောက် ဒုက္ခသည်များကိုပါ ပြန်လည်နေရာချထားပေးမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ယမန်နေ့က ပြောကြား ခဲ့သည်။
ရန်ကုန် ၊ စက်တင်ဘာ ၁၈ ရက်(ဆင်ဟွာ) ချင်းပြည်နယ်ကို ဖြတ်၍ အိန္ဒိယနိုင်ငံသို့ ကူးသန်း သွားလာရာတွင် အဓိက ကုန်းလမ်းကြောင်း ဖြစ်သည့် တီးတိန်-ရိဒ်ခေါဒါရ် နှင့် ဖလမ်း-ရိဒ်ခေါဒါရ်လမ်း နှစ်ခု၏ လမ်းပိုင်းအချို့ပျက်စီးမှုအား အကြီးစား ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်မည် ဖြစ်သဖြင့် ကုန်တင်ကားများ ဖြတ်သန်း သွားလာခွင့်ကို...
ရန်ကုန်၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ) မြန်မာ-အိန္ဒိယနှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ရှိ နိုင်ငံရေး ပါတီတစ်ခုဖြစ်သည့် Mizoram National Front-MNF ပါတီက မီဇိုရမ်ပြည်နယ်အတွင်းရှိ လမ်းပန်းဆက်သွယ်ရေးခက်ခဲမှုကို ပြန်လည်ပြုပြင်စေလို၍ ဆန္ဒပြသသည့်အနေဖြင့် လူနှင့် ယာဉ်ဝင်/ထွက်သွားလာမှုကို စက်တင်ဘာ ၁၄ ရက်က တားမြစ်ပိတ်ပင်ထားခဲ့ရာ စက်တင်ဘာ ၁၅...
ရန်ကုန်၊စက်တင်ဘာ ၁၅ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် ၁၄ကြိမ်မြောက် အာဆီယံ ယူ-၁၈ ဘောလုံး ပြိုင်ပွဲတွင် ပယ်နယ်တီအဆုံးအဖြတ်ဖြင့် မြန်မာအသင်း ဗိုလ်လုပွဲနှင့် လွဲချော်ပြီး တတိယနေရာအတွက် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။