Connect with us

Social

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရားဥပဒေ စိုးမိုးရေး ၊ မှုခင်း ကျဆင်းရေး အတွက် လင်းယုန် စီမံချက် စတင် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေမှုများအား တွေ့ ရစဉ်(ဓာတ်ပုံ- Yangon Police)

ရန်ကုန် ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး အတွင်း တရား ဥပဒေ စိုးမိုးရေး ၊ မှုခင်း ကျဆင်းရေး လုပ်ငန်းများ ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်ရန် ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ အနေဖြင့် လင်းယုန်စီမံချက်ကို ဇန်နဝါရီလ ၁ ရက်မှ စတင် ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။

လင်းယုန် စီမံချက်သည် ရန်ကုန်တိုင်းဒေသကြီး အတွင်း တရားဥပဒေ စိုးမိုးရေး အတွက် ခိုး ၊ဆိုး၊ လု ၊ နှိုက်မှု ကျူးလွန်သူ များအား ဖော်ထုတ်ဖမ်းဆီးခြင်း၊ အုပ်စုဖွဲ့ပြီး အများပြည်သူများကို အနိုင်ကျင့် ဗိုလ်ကျသူများအား ဖမ်းဆီးအရေးယူခြင်း၊ ပြေး (၄)ပြေးများ ဖမ်းဆီး အရေးယူခြင်း ၊ ဒုစရိုက်မှုများ ၊ လောင်းကစား မှုများ၊ မူးယစ်ဆေးဝါးမှုများကို ဖော်ထုတ် ဖမ်းဆီးခြင်း တို့ကို ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ လင်းယုန်စီမံချက်ကို ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက် မှ မတ်လ ၃၁ ရက် အထိ လင်းယုန် အဆင့်(၁) ဖြင့် လည်းကောင်း၊ ဧပြီလ ၁ ရက် မှ ဇွန်လ ၃၀ ရက် အထိ လင်းယုန် အဆင့် (၂)ဖြင့် လည်းကောင်း ၊ ဇူလိုင်လ ၁ ရက် မှ စက်တင်ဘာလ ၃၀ ရက်ထိ လင်းယုန် အဆင့်(၃) ဖြင့် လည်းကောင်း၊ အောက်တိုဘာလ ၁ ရက် မှ ဒီဇင်ဘာလ ၃၁ ရက် အထိ လင်းယုန်အဆင့် (၄)ဖြင့် လည်းကောင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

လင်းယုန် စီမံချက် ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဆောင်ရွက် လျက်ရှိသည့် ရပ်ရွာနေ ပြည်သူ အခြေပြု ရဲလုပ်ငန်းစနစ် Community Based Policing ကိုလည်း တိုးမြှင့် ဆောင်ရွက်သွားမည့် အပြင် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက ရပ်ရွာ အခြေပြု အဖွဲ့ များနှင့် ပူးပေါင်း၍ လင်းယုန်စီမံချက်ကို အကောင်အထည်ဖော် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.