Connect with us

Social

၂၀၁၈ ခုနှစ် နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်တွင်း ၊ ပြည်ပ ဧည့်သည်များ လာရောက် လည်ပတ် နိုင်ကြောင်း အသိပေး

နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ သွားရောက်နိုင်သည့် လမ်းကြောင်းပြ မြေပုံ(ဓာတ်ပုံ- Ministry of Hotels and Tourism)

ရန်ကုန် ၊ ဇန်နဝါရီ ၈ ရက်(ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့၌ ဇန်နဝါရီ ၁၄ ရက်မှ ၁၅ ရက် အထိ ကျင်းပ ပြုလုပ်မည့် နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်သို့ ပြည်တွင်း ၊ ပြည်ပ ဧည့်သည်များ လာရောက် လည်ပတ်နိုင်ကြောင်း ဟိုတယ်နှင့် ခရီး သွားလာရေး ဝန်ကြီးဌာနမှ အသိပေးထားကြောင်း သိရသည်။

နာဂရိုးရာနှစ်သစ်ကူးပွဲတော်သို့ သွားရောက် လည်ပတ်လိုသည့် ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အနေဖြင့် ရန်ကုန်မှမန္တလေး-ခန္တီးသို့ လေယာဉ်ဖြင့်လည်းကောင်း ၊ ခန္တီးမြို့မှ လဟယ်မြို့သို့ (၄×၄) မော်တော်ယာဉ် များဖြင့်လည်းကောင်း သွားရောက်နိုင်ကြောင်း အသိပေးထားသည်။

ပွဲတော်ကျင်းပမည့် အစီအစဉ်များဖြစ်သော ဇန်နဝါရီ ၁၄ ရက်တွင် နာဂ ရိုးရာ နှစ်သစ်ကူး ပွဲတော် ပြခန်း များ ဖွင့်လှစ်ခြင်းနှင့် ရိုးရာတံခွန်တိုင် စိုက်ထူပွဲကျင်းပခြင်း ၊ ဇန်နဝါရီ ၁၅ ရက်တွင် နာဂရိုးရာနှစ်သစ် ကူးပွဲတော် ပျော်ပွဲရွှင်ပွဲ အခမ်းအနားများနှင့် ညပိုင်းတွင်ကျင်းပမည့် မီးပုံပွဲစသည့် အစီအစဉ်များတွင် ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အနေဖြင့် ဒေသခံတိုင်းရင်းသားများနှင့်အတူ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၈ ခုနှစ် နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သို့ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ လုံခြုံ ချောမွေ့ပြီး စိတ်အေးချမ်းသာစွာဖြင့် ပါဝင်ဆင်နွှဲနိုင်ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ၊ စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (နာဂဦးစီးအဖွဲ့) တို့က ကူညီဆောင်ရွက်ပေး လျက် ရှိကြောင်း သိရသည်။

နာဂရိုးရာ နှစ်သစ်ကူး ပွဲတော်အား နာဂ တိုင်းရင်းသား များ၏ ရိုးရာ၊ ယဉ်ကျေးမှု၊ ဓလေ့ ထုံးတမ်း စဉ်လာ များအား နိုင်ငံခြားသားဧည့်သည်တော်များ သိရှိ နားလည်စေရန်၊ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များ လမ်းခရီး တလျှောက်၌ သွားလာမှုလုံခြုံချောမွေ့စေရေးနှင့် သက်တောင့် သက်သာ သွားလာနိုင်စေရန်၊ ပြည်တွင်း၊ ပြည်ပဧည့်သည်တော်များ စိတ်ချမ်းမြေ့စွာ နေထိုင်စားသောက်နိုင်ရန်နှင့် မြန်မာ့ခရီးသွားလုပ်ငန်း တိုးတက်မြှင့်တင် ရန်စသည့် ရည်ရွယ်ချက်များဖြင့် နှစ်စဉ်ကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117