Connect with us

Social

ဝမ်းတွင်းမြို့နယ်၌ တွေ့ရှိသည့် ရှေးဟောင်းအမွေအနှစ်များမှာ အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ်ဦးကြားမှ ဖြစ်နိုင်ကြောင်း ခန့်မှန်း

စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံအားတွေ့ရစဉ် (ဓာတ်ပုံ-- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၉ ရက် (ဆင်ဟွာ)

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် နဘဲကုန်းကျေးရွာအနီး စမုံမြစ်ရေ တိုက်စားမှုကြောင့် ပေါ်ထွက်လာသော အုတ်ရိုးတန်း၏ ထုထည်ပုံစံမှာ ပျူခေတ် အုတ်ချပ်အရွယ် မဟုတ်သောကြောင့် အင်းဝခေတ်နှင့် ကုန်းဘောင်ခေတ်ဦး ကြားမှ သာသနိက အဆောက်အအုံ ပန္နက်ပုံစံဖြစ်နိုင်ကြောင်း

ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(မန္တလေးဌာနခွဲ) မှ သိရသည်။

အဆိုပါဒေသတွင် စမုံမြစ်ရေတိုက် စားပြီး ကမ်းပြိုရာမှ ကမ်းပါးနံရံများတွင် အရိုးစုများကို စတင်တွေ့ရှိကာ အရိုးစု များအောက်၌ အုတ်ရိုးများ တွေ့ရကြောင်း၊ ယင်းအုတ်ချပ်များမှာ အလျား ၁ ပေ x အနံ ၈ လက်မခန့် စတုဂံပုံနှင့် အချွန်းပုံများ တွေ့ရကြောင်း ပြန်ကြားရေးဝန်ကြီးဌာန မှ သတင်းထုတ်ပြန်သည်။

စမုံမြစ်ရေတိုက်စားသည့် အတွက် ပေါ်ထွက် လာတဲ့ အုတ်ရိုးတန်းနေရာက အရင်က ရွာဟောင်းကုန်းနေရာဖြစ်ပြီး စမုံမြစ် တောင်ဘက်ခြမ်းက စေတီတစ်ဆူ ပြိုကျ ပျက်စီးခဲ့တာရှိကြောင်း၊ အဆိုပါဒေသတွင်၂ဝ၁၇ ခုနှစ် နိုဝင် ဘာလက ရှေးဟောင်းအုတ်ရိုးများနှင့် အရိုးများတွေ့ရှိခဲ့ရာ ပျူခေတ်မြို့ဟောင်း ခံတပ်များဖြစ်နိုင်ကြောင်း ခန့်မှန်းမှုများ ရှိခဲ့သည့်အတွက် ရှေးဟောင်းသုတေသန မှ တာဝန်ရှိသူများက ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာ ၈ ရက်က သွားရောက်စစ်ဆေး ခဲ့ပြီးနောက် ယင်းကဲ့သို့ ခန့်မှန်းခဲ့ ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.