Connect with us

Social

ခေတ်စနစ်နှင့်လိုက်လျော ညီထွေသော ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေအသစ် ပြဋ္ဌာန်းမည်

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ အစည်းအဝေး (၁/၂ဝ၁၇)အား တွေ့ ရစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန် ၊ ဒီဇင်ဘာ ၂၈ ရက်(ဆင်ဟွာ)

ခေတ်စနစ်နှင့်လိုက်လျော ညီထွေသော ကလေးသူငယ် အခွင့်အရေး များဆိုင်ရာ ဥပဒေအသစ်ကို မကြာမီ ပြဋ္ဌာန်း နိုင်တော့မည် ဖြစ်ကြောင်း ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ထိုဥပဒေ အသစ် ပြဋ္ဌာန်းပြီးပါက လုပ်ငန်းစဉ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း၊ ကလေးသူငယ်များ၏ အခွင့်အရေးလေးရပ်ဖြစ်သည့် အသက် ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ အစောင့် အရှောက်ခံ ပိုင်ခွင့်နှင့် ပါဝင်ဆောင်ရွက် ခွင့် များကို အပြည့်အဝဖော်ထုတ်ပေး နိုင်ရေး နိုင်ငံတော်အစိုးရက ဦးဆောင်၍ ကြိုးစားဆောင်ရွက်ပေးလျက် ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ပြောကြားခဲ့သည်။

ကလေးသူငယ်များ၏ အခွင့် အရေးကာကွယ်ပေးရေးနှင့် အကျိုးစီးပွား မြှင့်တင်ပေးနိုင်ရေး အတွက် ကလေး သူငယ်ဥပဒေကို ၁၉၉၃ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့ကြောင်း သိရသည်။

မြန်မာ နိုင်ငံသည် ကလေး သူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်သည် နှင့် အညီ စာချုပ်တွင် ပါဝင်သော အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်ငါးရပ်ဖြစ်သည့် ဥပဒေ ပြဋ္ဌာန်းခြင်း၊ အမျိုးသားကော်မတီ ဖွဲ့စည်းခြင်း၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ စောင့်ကြည့်ကြီးကြပ် ခြင်းနှင့် အစီရင်ခံခြင်းတို့ကို လိုက်နာ ဆောင်ရွက်လျက်ရှိကြောင်း၊ ဒေသ တွင်းအဆင့်၌လည်း အာဆီယံ အမျိုး သမီးနှင့် ကလေးသူငယ်အခွင့်အရေး များ ကာကွယ်စောင့်ရှောက်ရေးနှင့် မြှင့်တင်ရေးကော်မရှင်နှင့် အာဆီယံ လူမှုဝန်ထမ်းဆိုင်ရာ အဆင့်မြင့်အရာရှိ ကြီးများ အစည်းအဝေးများတွင် ပါဝင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.