Connect with us

Sport

၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု (ဂ)ပထမနေ့ ပွဲစဉ် တွင် မြန်မာအသင်းက ၅-၀ ဂိုးဖြင့် ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်ရ

မြန်မာအမျိုးသမီး ဘောလုံးအသင်းယှဉ်ပြိုင်ကစားစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)

၂၀၂၀ အိုလံပစ်၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ဂ)ပွဲစဉ်များ ၏ပထမနေ့ ပွဲ တွင် မြန်မာအသင်းက ၅-၀ ဂိုးဖြင့် ဘင်္ဂလားဒေ့ရှ်အသင်းကို အနိုင်ရခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။

၎င်းအမျိုးသမီးဘောလုံးပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့် ပထမနေ့ ပွဲစဉ်ကို နိုဝင်ဘာလ ၈ ရက်နေ့ ၊ ညနေ ၆ နာရီက သုဝဏ္ဏအားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းအတွက် သွင်းဂိုးများကို ၃၄မိနစ် နှင့် ၄၄မိနစ် တို့တွင် ဝင့်သိဂီ ၤထွန်း၊ မိနစ် ၆၀တွင် ခင်မိုးဝေ၊ ပွဲချိန် ၈၄မိနစ်တွင် လဲ့လဲ့လှိုင်၊ပွဲချိန် ၈၈ မိနစ်တွင် ရီရီဦးတို့မှ အသီးသီးသွင်းယူပေးခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ၏ သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.