Connect with us

Sport

မြန်မာ့လက်ရွေးစင်အသင်းအကြို ဗိုလ်ပွဲတက်ရောက်

မလေးရှားအသင်းဘက်သို့ အနိုင်ဂိုးသွင်းယူပြီး အောင်ပွဲခံနေသော ဒေးဗစ်ထန်းအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၂၆ ရက် ( ဆင်ဟွာ )

အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ အုပ်စု(ခ ) ပွဲစဉ်များကို ယနေ့ဆက်လက်ကျင်းပရာ မြန်မာ့လက်ရွေးစင်အသင်းက မလေးရှားအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရပြီး အုပ်စု ဒုတိယဖြင့် အကြိုဗိုလ်လုပွဲတက်ရောက်သွားပြီဖြစ်သည်။

မြန်မာအသင်း၏ အနိုင်ဂိုးကို ဒေးဗစ်ထန်းက ၇ နာရီ ၈၉ မိနစ်တွင် သွင်းယူခဲ့ခြင်းဖြစ်သည်။အခြားအုပ်စုပွဲတွင် ဗီယက်နမ်က ကမ္ဘောဒီးယားကို နှစ်ဂိုး တစ်ဂိုးဖြင့်နိုင်ကာ အုပ်စုပထမဖြင့် အကြို ဗိုလ်လုပွဲတက်ရောက်မည်ဖြစ်သည်။ဆူဇူကီးဖလားပွဲ၏အကြိုဗိုလ်လုပွဲများကိုအိမ်ကွင်းအဝေးကွင်းစနစ်ဖြင့်ကျင်းပမည်ဖြစ်ရာမြန်မာအသင်းက အုပ်စု(က)ပထမ ထိုင်းအသင်း နှင့် ဒီဇင်ဘာလ ၄ ရက်တွင် အိမ်ကွင်း ဒီဇင်ဘာလ ၈ ရက်တွင် အဝေးကွင်း ကစားရမည်ဖြစ်သည်။အခြားအကြိုဗိုလ်လုပွဲအဖြစ် ဗီယက်နမ်နှင့်အင်ဒိုနီးရှားတို့ကစားကြမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.