ရန်ကုန်၊ မေ ၃၁ ရက် (ဆင်ဟွာ) အာရှ အားကစားပွဲအကြို လေးနိုင်ငံ ဖိတ်ခေါ်ဖလား ဘောလုံးပြိုင်ပွဲတစ်ရပ်ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က လာမည့် သြဂုတ်လ ၁ ရက်နေ့မှ ၅ ရက်နေ့အထိ မန္တလေးမြို့ မန္တလာသီရိ အားကစားကွင်းကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၃၀ ရက်(ဆင်ဟွာ) မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ပြိုင်ဘက် ကစားသမား ဖြစ်သူ Ken Hasegawa ၏ အားသာချက် ၊ အားနည်းချက်များကို လေ့လာထားပြီး ဖြစ်ကြောင်း ယနေ့ မေ ၃၀ ရက်တွင် သတင်းမီဒီယာများအား...
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် အာရှ ယူ-၁၉ အမျိုးသမီး ဘောလုံးချန်ပီယံရှစ်ပြိုင်ပွဲ ပထမအဆင့် အုပ်စု ပွဲစဉ်များ အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၃၀ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသမီးဘောလုံးအသင်းယှဉ်ပြိုင်ကစားရမည့် အာရှယူ-၁၆ ခြေစစ်ပွဲ ပထမအဆင့် ပွဲစဉ်များအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ မေ ၂၄ ရက်(ဆင်ဟွာ) မြန်မာ့ စပါးအုံး ခေါ် ဝမ်းမစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် ဝမ်းမစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို ဆက်လက် ကာကွယ်ရေး အတွက် ဂျပန် နိုင်ငံမှ KEN HASEGAWA နှင့် ဇွန်လ ၂၉ ရက်တွင်...
ရန်ကုန်၊ မေ ၂၃ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး တွင် အမှန်တကယ်လိုအပ်သည့် အားကစားကွင်းတစ်ကွင်းကိုသာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်ရေးနှစ်တွင် အဆင့်မြင့်အားကစားကွင်းအဖြစ် တိုးမြှင့်ပေးနိုင်ရန် ဘတ်ဂျက်မှာလည်း ထည့်သွင်းလျာထားပြီး ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောကြားသည်။
ရန်ကုန်၊ မေ ၇ ရက် (ဆင်ဟွာ) တိုင်းဒေသကြီးနှင့် ပြည်နယ် စစ်တုရင် ပြိုင်ပွဲကို မေ ၂ရက်နေ့မှ ၉ ရက်နေ့ထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပလျက်ရှိကြောင်း အဆိုပါ ပြိုင်ပွဲမှ သိရသည်။
ရန်ကုန်၊ မေ ၅ ရက် (ဆင်ဟွာ) မြန်မာ့လက်ရွေးစင်ယူ-၁၉အသင်းကို ပဏာမဘောလုံးသမား ၃၀ ဦးဖြင့် ဖွဲ့စည်းလေ့ကျင့်ကာ အာဆီယံယူ၁၉ ချန်ပီယံရှစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်းမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) အာဆီယံ ဘောလုံးအဖွဲ့ချုပ် ကွန်ဂရက်နှင့် ကောင်စီအစည်းအဝေး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အဖွဲ့ တက်ရောက် ခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။
ရန်ကုန်၊ မေ ၂ ရက် (ဆင်ဟွာ) ဘရူနိုင်း နိုင်ငံတွင် ကျင်းပနေသည့် ဘရူနိုင်းဘုရင့်ဖလားဘောလုံး ပြိုင်ပွဲတွင် မြန်မာယူ၂၁အသင်း ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီဖြစ်ပြီး ယနေ့ ညနေ ၆း၄၅ နာရီတွင် ကမ္ဘောဒီးယားအသင်းနှင့် ကစားရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ သတင်းထုတ်ပြန်သည်။