Connect with us

Sport

အာရှအမျိုးသမီး ယူ၁၉ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် ပထမအဆင့်ခြေစစ်ပွဲများကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင်ကျင်းပမည်

အာရှ အမျိုးသမီးယူ ၁၉ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲကြော်ငြာအားတွေ့ရစဉ် (ဓာတ်ပုံ--MFF)

ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ် ၂၀၁၉ခုနှစ်အတွင်း လက်ခံကျင်းပမည့် အာရှအမျိုးသမီး ယူ၁၉ ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်အတွက် မြန်မာအမျိုးသမီးအသင်းပါဝင်မည့် ပထမအဆင့်ခြေစစ်ပွဲများကို ရန်ကုန်မြို့ သုဝဏ္ဏအားကစားကွင်းတွင် အောက်တိုဘာလ ၂၄ရက်နေ့မှ ၂၈ရက်နေ့အထိ လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာအသင်းပါဝင်သည့် အုပ်စု (စ) တွင် ယခင်က ပါလက်စတိုင်း၊ လာအို၊ အီရန် တို့ ပါဝင်ခဲ့ပြီး ပါလက်စတိုင်းအသင်း နှုတ်ထွက်ခဲ့သည့်အတွက် မြန်မာ၊လာအို၊ အီရန်အသင်းတို့သာ ယှဉ်ပြိုင်တော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

အာရှ အမျိုးသမီးယူ ၁၉ပြိုင်ပွဲ ပထမအဆင့် ခြေစစ်ပွဲများကို အုပ်စု (၆)ခုခွဲက နိုင်ငံ (၆)နိုင်ငံတွင် ကျင်းပမည်ဖြစ်ပြီး အုပ်စု ပထမရရှိသည့် အသင်း (၆)သင်းနှင့် အကောင်းဆုံး ဒုတိယ (၂)သင်းတို့ ဒုတိယအဆင့် ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ အမျိုးသမီး ယူ၁၉အသင်းသည် ပထမပွဲစဉ် အဖြစ် လာအိုအသင်းနှင့် အောက်တိုဘာလ ၂၆ရက်နေ့ ညနေ(၆)နာရီ၊ ဒုတိယပွဲစဉ်အဖြစ် အီရန်အသင်းနှင့် အောက်တိုဘာလ ၂၈ရက်နေ့ ညနေ (၆)နာရီတို့တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.