Connect with us

International Organizations

၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်အတွက် ဆင်ဟွာ၏ စိတ်ဝင်စားဖွယ်ရာ အားကစားသတင်းကောက်နုတ်ချက်

ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့တွင် ဘွန်ဒက်စ်လီဂါပွဲစဉ် ဂျာမနီ ပထမအုပ်စုပြိုင်ပွဲအတွင်း ဒေါ့မွန်အသင်းနှင့် စိန့်ပေါ်လီအသင်းတို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားမှုမြင်ကွင်း (ဆင်ဟွာ)

— ဟောင်ကောင်တွင် ၂၀၂၅ စနူကာ World Grand Prix ပြိုင်ပွဲကို လက်ခံကျင်းပမည်
၂၀၂၅ စနူကာ World Grand Prix ပြိုင်ပွဲကို ဟောင်ကောင်တွင် မတ် ၄ ရက်မှ ၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ကမ္ဘာ့စနူကာပြိုင်ပွဲ (WST) က ကြေညာခဲ့သည်။
နှစ်ပေါင်း ၃၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် World Grand Prix ပြိုင်ပွဲကို ဟောင်ကောင်၌ လက်ခံကျင်းပမည်ဖြစ်ကာ အသစ်တည်ဆောက်ထားသော Kai Tak အားကစားဥယျာဉ်တွင် ကျင်းပမည်ဖြစ်ကြောင်း WST က ပြောကြားခဲ့သည်။
…..
— Gymnasiade Bahrain 2024 ပြိုင်ပွဲသို့ တရုတ်နိုင်ငံက အားကစားသမား ၁၀၃ ဦး စေလွှတ်မည်
တရုတ်နိုင်ငံက မကြာမီကျင်းပမည့် Gymnasiade Bahrain 2024 ပြိုင်ပွဲသို့ အားကစားသမား ၁၀၃ ဦး စေလွှတ်မည်ဖြစ်ကာ အဖွဲ့ဝင် ၁၇၀ ဦးပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ကို အောက်တိုဘာ ၁၈ ရက်က တရားဝင်ကြေညာခဲ့သည်။
အဆိုပါ အားကစားပွဲသည် နိုင်ငံတကာ ကျောင်းအားကစားအဖွဲ့ချုပ်မှ စီစဉ်ကျင်းပသော အားကစားနည်းမျိုးစုံပြိုင်ပွဲဖြစ်သည်။ အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည့် ထိုပြိုင်ပွဲတွင် တရုတ်ကိုယ်စားလှယ်အဖွဲ့မှ အားကစားသမား အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၅၅ ဦးက အားကစားနည်း ၁၇ မျိုး၊ ပြိုင်ပွဲ ၁၂၄ ပွဲဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
…..
— ဘွန်ဒက်စ်လီဂါပွဲစဉ် ဒေါ့မွန် နှင့် စိန့်ပေါ်လီ
ဂျာမနီနိုင်ငံ ဒေါ့မွန်မြို့တွင် ဘွန်ဒက်စ်လီဂါပွဲစဉ် ဂျာမနီ ပထမအုပ်စုပြိုင်ပွဲအတွင်း ဒေါ့မွန်အသင်းနှင့် စိန့်ပေါ်လီအသင်းတို့ ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၈ ရက်က ယှဉ်ပြိုင်ကစားခဲ့ကြသည်။ (Xinhua)


……………………..
(English Version)
Hong Kong to host 2025 snooker World Grand Prix
HONG KONG, Oct. 18 (Xinhua) — The World Snooker Tour (WST) has announced the sport’s 2025 World Grand Prix will be held in Hong Kong from March 4 to 9.
WST said the World Grand Prix, the first ranking event to take place in Hong Kong in 35 years, will be staged at the brand-new Kai Tak Sports Park, a state-of-the-art facility set to open next year.
…..
China to send 103 athletes for ISF Gymnasiade Bahrain 2024
BEIJING, Oct. 18 (Xinhua) — China will send 103 athletes to the upcoming Gymnasiade Bahrain 2024, as a 170-member delegation was officially announced here on Friday.
The Gymnasiade is an international multi-sport event which is organised by the International School Sport Federation. 48 male and 55 female athletes from the Chinese delegation, will compete in 124 events across 17 sports at the October 23-31 Games.
…..
GERMANY-DORTMUND-FOOTBALL-BUNDESLIGA-DORTMUND VS ST. PAULI
DORTMUND, Oct. 19, 2024 (Xinhua) — Serhou Guirassy (R) of Borussia Dortmund passes the ball during the German first division Bundesliga football match between Borussia Dortmund and FC St. Pauli in Dortmund, Germany, Oct. 18, 2024. (Photo by Joachim Bywaletz/Xinhua)