ပေကျင်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှ အားလုံး အစွမ်းကုန် လုပ်ဆောင်ကြရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ သမ္မတရှီက...
ရီယာ့ဒ် ၊ ဇွန် ၁၄ ရက် (ဆင်ဟွာ) ဆော်ဒီအာရေးဗျနိုင်ငံ နယ်စပ်မြို့ဖြစ်သော Asir မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ ဇွန် ၁၃ ရက် က ဗုံးကြဲဒရုန်းလေယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဟူတီပြည်သူ့စစ်တပ်ဖွဲ့၏ ဒရုန်းဖြင့် နောက်ဆုံးတိုက်ခိုက်မှုအတွင်း ထိခိုက်ဒဏ်ရာရသူ မရှိကြောင်း ဆော်ဒီကာကွယ်ရေးတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ကြီး Abduljalil...
ပေကျင်း၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဂြိုဟ်သိမ်ဂြိုဟ်မွှားများနှင့် Jovian စနစ်၊ အင်္ဂါဂြိုဟ်မှ နမူနာများ စုဆောင်ခြင်းနှင့် လ၏ဝင်ရိုးစွန်းဒေသ စူးစမ်းလေ့လာရေး အပါအဝင် အာကာသအစီအစဉ်၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအတွက် အစီအစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က ဇွန် ၁၂...
ဝါရှင်တန် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန က ယူကရိန်းနိုင်ငံအား အမေရိကန်ဒေါ်လာ သန်း ၁၅၀ တန်ဖိုးရှိ လုံခြုံရေး ဆိုင်ရာ အကူအညီထောက်ပံ့မှုပေးအပ်သွားမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံ ပိုင်နယ်မြေစိုးမိုးရေး နှင့် နေတိုး နှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု စွမ်းရည်ကို ထိန်းသိမ်းသွားရန်ဖြစ်ကြောင်း ဇွန်လ...
ဖနွမ်းပင်၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကမ္ဘောဒီးယားနိုင်ငံအား ဆေးရွက်ကြီးအသုံးပြုမှုထိန်းချုပ်ရေး ကြိုးပမ်းအားထုတ်မှုများအတွက် ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ဆေးရွက်ကြီးကင်းမဲ့ရေးနေ့ဆု ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လီမာ ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) ပီရူးနိုင်ငံက အသက် ၁၈ နှစ်အထက် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား အဓိကထားသည့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး ကာကွယ်ဆေး ထိုးနှံရေး လှုပ်ရှားမှုကို ဇွန် ၁၂ ရက်တွင် စတင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး Oscar Ugarte က ကြေညာခဲ့သည်။
ဗီယင်နာ ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အီရန်နျူကလီးယားအရေး ဘက်စုံညှိနှိုင်းဆောင်ရွက်မှုပူးတွဲကော်မတီ၏ သဘောတူညီချက် အသစ် ပြန်လည်လိုက်နာရေး နိုင်ငံရေးဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အဆင့် အစည်းအဝေးကို ဇွန် ၁၂ ရက်၌ သြစတြီးယားနိုင်ငံ ဗီယင်နာတွင်ကျင်းပပြုလုပ်ခဲ့သည်။ တရုတ်နိုင်ငံဆွေးနွေးမှု ကိုယ်စားလှယ် အဖြစ် ကုလသမဂ္ဂ ဗီယင်နာ အခြေစိုက်...
ကဘူးလ် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရ က အာဖဂန်နစ္စတန်နိုင်ငံအား ကူညီထောက်ပံ့ပေးသည့် COVID-19 ရောဂါ ကာကွယ်ဆေး လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ဇွန် ၁၂ ရက်၌ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အာဖဂန်နစ္စတန်နိုင်ငံ သမ္မတ Ashraf Ghani ၊...
ပြုံးယမ်း ၊ ဇွန် ၁၃ ရက်(ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံ(DPRK)၏ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်သည် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ထပ်မံမြှင့်တင်ရေး အရေးကြီးသော လုပ်ငန်းများကို ဆွေးနွေးရန် ဇွန် ၁၁ ရက်တွင် စစ်ဘက်ဆိုင်ရာအစည်းအဝေးတစ်ခုအား ဦးဆောင် ပြုလုပ်ခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ဟူစတန် ၊ ဇွန် ၁၃ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ် Austin မြို့ မြို့လယ်ခေါင်တွင် ဇွန် ၁၂ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၁၃ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားမှာ လက်ရှိချိန်အထိ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။