Connect with us

China

တရုတ်နှင့် ဗီယက်နမ်အနေဖြင့် အာရှ-ပစိဖိတ်ဒေသကို ရှုပ်ထွေးစေမည့် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို သတိထားကာ ဆန့်ကျင်ကန့်ကွက်ရမည်ဟု ရှီပြော

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဗီယက်နမ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ် ငုယင်ဖူထျောင်က ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့တွင် အခမ်းအနားဖြင့် ကြိုဆိုနေသည်ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအနေဖြင့် အာရှ-ပစိဖိတ်ဒေသကို ရှုပ်ထွေးစေမည့် မည်သည့်ကြိုးပမ်းအားထုတ်မှုမျိုးကိုမဆို သတိထားကာ ဆန့်ကျင်ကန့်ကွက်သွားရမည်ဖြစ်ကြောင်း တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၃ ရက်တွင် ဟနွိုင်းမြို့၌ ပြောကြားခဲ့သည်။

နှစ်နိုင်ငံအနေဖြင့် နိုင်ငံတကာရေးရာတွင် ညှိနှိုင်းဆောင်ရွက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရမည်ဖြစ်ကြောင်းနှင့် ကောင်းမွန်းသောပြင်ပပတ်ဝန်းကျင်ကို ပူးတွဲထိန်းသိမ်းရမည်ဖြစ်ကြောင်း သမ္မတ ရှီက ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်းချင်နှင့် တွေ့ဆုံဆွေးနွေးစဉ် ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် ဖမ်မင်းချင်ကလည်း ဗီယက်နမ်-တရုတ် ဆက်ဆံရေးသည် ခေတ်ကာလနှင့် သမိုင်းကြောင်း၏ စမ်းသပ်မှုကို ကြံ့ကြံ့ခံရပ်တည်လျက်ရှိပြီး ပြင်ပအင်အားစုများ၏ မည်သို့သောကြားဝင်စွက်ဖက်မှုမျိုးကမှ သက်ရောက်မှုရှိစေမည်မဟုတ်ကြောင်း ပြောခဲ့သည်။ (Xinhua)

………………………………
(English Version)
Xi says China, Vietnam should be alert to and oppose any attempts to mess up Asia-Pacific

HANOI, Dec. 13 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, said here Wednesday that China, Vietnam should be alert to and oppose any attempts to mess up Asia-Pacific.
The two sides should strengthen coordination and cooperation in international affairs and jointly maintain a favourable external environment, Xi said in a meeting with Vietnamese Prime Minister Pham Minh Chinh.
For his part, Pham Minh Chinh said Vietnam-China relations have withstood the test of time and history and will not be affected by any interference provoked by external forces.
Photo: General Secretary of the Communist Party of China Central Committee and Chinese President Xi Jinping attends a welcome ceremony held by General Secretary of the Communist Party of Vietnam Central Committee Nguyen Phu Trong in Hanoi, capital of Vietnam, Dec. 12, 2023. (Xinhua/Ju Peng)