Connect with us

Asia

ထိုင်းက လန်ချန်း-မဲခေါင်နိုင်ငံများနှင့် ညှိနှိုင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်မည်

ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Sarun Charoensuwan က ၂၀၂၃ ခုနှစ် လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) သီတင်းပတ်၌ မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံက အခြေခံအဆောက်အအုံ၊ စီးပွားရေးနှင့် ဒစ်ဂျစ်တယ်ဖွံ့ဖြိုးတိုးတက်မှုကို လွှမ်းခြုံထားသော လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) မူဘောင်အောက်ရှိ နယ်ပယ်စုံ ညှိနှိုင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေး ကတိကဝတ်ကို ထပ်လောင်းပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူက ဒီဇင်ဘာ ၁၃ ရက်၌ ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ယခင်သီတင်းပတ်က ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ၈ ကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတွင် ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ခြင်း၊ စိန်ခေါ်မှုအသစ်နှင့် ဖြစ်ပေါ်လာသော စိန်ခေါ်မှုများကို ကိုင်တွယ်ခြင်း၊ ဆန်းသစ်တီထွင်မှုရှိသော ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တိုးတက်မှုဆီသို့ မောင်းနှင်ခြင်း အပါအဝင် အနာဂတ် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဓိကနယ်ပယ် ၃ ခုကို အဆိုပြုခဲ့ကြောင်း မဲခေါင်ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အဆင့်မြင့်အရာရှိ Pinsuda Jayanama က ပြောခဲ့သည်။
LMC တွင် တရုတ်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ် စသည့် ၆ နိုင်ငံဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာနှင့် ပစိဖိတ်သမုဒ္ဒရာကြား ချိတ်ဆက်ထားသော ထိုင်းနိုင်ငံရှိ Landbridge စီမံကိန်း အပါအဝင် အနာဂတ် ကွန်ရက်ချိတ်ဆက်မှု၊ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်မှု အဆင့်မြှင့်တင်မှုမှတစ်ဆင့် တရုတ်-ထိုင်း ရထားလမ်းက LMC ဒေသအတွင်း ကွန်ရက်ချိတ်ဆက်မှု မြှင့်တင်ရာ၌ အထောက်အကူပြုမည်ဖြစ်ကြောင်း Pinsuda က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ရုပ်ဝတ္ထုပိုင်းနှင့် ဒစ်ဂျစ်တယ်ကွန်ရက်ချိတ်ဆက်မှု နှစ်မျိုးလုံး ပေါင်းစည်းခြင်းဖြင့် ထိုင်းနိုင်ငံသည် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု အဆင်ပြေချောမွေ့ရေးနှင့် LMC နိုင်ငံများရှိ အထူးစီးပွားရေးဇုန် ပံ့ပိုးပေးရာတွင် သတင်းအချက်အလက်၊ စီးပွားရေးနှင့် ထိန်းသိမ်းကြီးကြပ်မှုကွန်ရက် တိုးတက်ရန် ရည်ရွယ်ထားကြောင်း ၎င်းက ဆိုသည်။

ထိုင်းနိုင်ငံအနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် တိုးတက်မှုမောင်းနှင်အားအသစ်များ ထူထောင်ရေး ပံ့ပိုးသွားမည်ဖြစ်ကာ LMC နိုင်ငံများကြား အစိမ်းရောင် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာနိုင်မည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံက မိတ်ဖက်အဖြစ်ပါဝင်သော ဧရာဝတီ-ကျောက်ဖယား-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) က မဲခေါင်ဒေသခွဲ၏ နောက်ထပ်ဖွံ့ဖြိုးတိုးတက်မှုရှိရန် LMC မူဘောင်နှင့်အညီ အတူတကွ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အထက်ပါ တာဝန်ရှိသူက ဆိုသည်။ (Xinhua)

………………………………
(English Version)
Thailand to accelerate collaboration with Lancang-Mekong countries
BANGKOK, Dec. 13 (Xinhua) — Thailand reaffirmed its commitment to accelerate collaboration in various areas under the Lancang-Mekong Cooperation (LMC) framework, covering infrastructure, economics and digital development, a Thai Foreign Ministry official said on Wednesday.
Thailand has proposed three key areas for future cooperation at the eighth LMC Foreign Ministers’ Meeting held in Beijing last week, which include fostering connectivity, tackling new and emerging challenges, and driving growth through innovative collaboration, said Pinsuda Jayanama, a senior official for Mekong cooperation.
The LMC consists of six countries, namely China, Cambodia, Myanmar, Laos, Thailand and Vietnam.
Through advancing future connectivity, infrastructure development, including Thailand’s Landbridge project, linking the Indian and Pacific oceans, and the China-Thailand railway, will help boost connectivity within the LMC region, Pinsuda told a press briefing.
With the integration of both physical and digital connectivity, the Southeast Asian country aims to develop information, economic and regulatory connectivity in support of cross-border trade facilitation and special economic zones in the LMC countries, she said.
Thailand will also support the building of new growth engines through cooperation in science, technology and innovation, along with promoting the green economy and tourism recovery among the LMC countries, she added.
The official also noted that the Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy (ACMECS), in which China is a partner, will work together with the LMC framework to further the development of the Mekong sub-region.
Photo: Sarun Charoensuwan, permanent secretary of Thailand’s Foreign Ministry, addresses a Lancang-Mekong Cooperation (LMC) Week 2023 event which marks the seventh anniversary of the LMC in Bangkok, Thailand on March 23, 2023. (Xinhua/Lin Hao)