Connect with us

China

အခြေအနေသစ်များအရ တရုတ်နှင့် ဗီယက်နမ်တို့က ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုလမ်းကြောင်း အပြည့်အဝ တစ်ဟုန်ထိုးမြင့်တက်လာမည်ဟု သမ္မတ ရှီပြော

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နိုင်ငံတော်ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံ မြို့တော် ဟနွိုင်းသို့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

ဟနွိုင်း၊ ဒီဇင်ဘာ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် အခြေအနေသစ်များအရ ချစ်ကြည်ရင်းနှီးစွာ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း တစ်ဟုန်ထိုး မြင့်တက်လာမည်ဟု တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်နှင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ဒီဇင်ဘာ ၁၃ ရက်တွင် ဟနွိုင်းမြို့၌ ပြောကြားခဲ့သည်။

ဗီယက်နမ်နိုင်ငံ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Vuong Dinh Hue နှင့် တွေ့ဆုံဆွေးနွေးစဉ် ရှီက နှစ်နိုင်ငံ ဆက်ဆံရေးကို သင့်တင့်လျောက်ပတ်စွာထိန်းကျောင်းရန်၊ လက်တွေ့ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်နှင့် မတူကွဲပြားမှုများကို ကိုင်တွယ်ဖြေရှင်းရန် ဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။

မဟာဗျူဟာမြောက် အရေးပါမှုကို ဆောင်ကြဉ်းပေးမည့် အေးအတူ ပူအမျှ တရုတ်-ဗီယက်နမ် အသိုက်အဝန်းတစ်ရပ် တည်ဆောက်ရေး ကြေညာချက်သည် ဆိုရှယ်လစ်နိုင်ငံ နှစ်နိုင်ငံက စည်းလုံးညီညွတ်မှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးတွဲ ဖွံ့ဖြိုးတိုးတက်မှု ကတိကဝတ်၏ ကောင်းမွန်သောအချက်ပြမှု ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သမ္မတ ရှီက ဆိုသည်။ (Xinhua)

………………………………
(English Version)
Xi says China, Vietnam, under new circumstances, should resolutely forge ahead along path of friendly cooperation
HANOI, Dec. 13 (Xinhua) — Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, said here Wednesday that China and Vietnam, under new circumstances, should resolutely forge ahead along the path of friendly cooperation.
In his meeting with Chairman of the National Assembly of Vietnam Vuong Dinh Hue, Xi said the two sides should work properly to steer the bilateral relations, promote practical cooperation and manage differences.
The announcement to build the China-Vietnam community with a shared future that carries strategic significance sends out a positive signal of the two socialist countries’ commitment to solidarity, friendship and joint development, Xi said.
Photo: Xi Jinping, general secretary of the Communist Party of China Central Committee and Chinese president, arrives in Hanoi, capital of Vietnam, Dec. 12, 2023, for a state visit at the invitation of General Secretary of the Central Committee of the Communist Party of Vietnam Nguyen Phu Trong and Vietnamese President Vo Van Thuong. (Xinhua/Pang Xinglei)