ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) ကပ်ရောဂါတိုက်ဖျက်ရေးတွင် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများက အခက်အခဲများကိုရင်ဆိုင်တွန်းလှန်ကာ ရှေ့သို့လှမ်းချီခဲ့ကြကြောင်း ၊ သန်းနှင့်ချီသော ဆေးဘက်ဆိုင်ရာဝန်ထမ်းများက တစ်နိုင်ငံလုံး၏ကပ်ရောဂါတိုက်ဖျက်ရေးရှေ့တန်းစစ်မြေပြင်တွင် တိုက်ပွဲဝင်ခဲ့ကြကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ပြန်ကြားရေးရုံးမှ ဇွန် ၇ ရက်တွင် ထုတ်ပြန်သည့် COVID-19 တိုက်ဖျက်ရေး တရုတ်နိုင်ငံ၏လှုပ်ရှားဆောင်ရွက်မှုများ ဟူ၍...
ပေကျင်း၊ ဇွန် ၇ ရက်(ဆင်ဟွာ) လူမှုအသိုက်အဝန်းရှိ အလုပ်သမားဝန်ထမ်းပေါင်း ၄ သန်းသည် တရုတ်တစ်နိုင်ငံလုံးရှိ မြို့ပြကျေးရွာ ရပ်ကွက်ပေါင်း ၆ သိန်း ၅ သောင်းတွင် ရောဂါစောင့်ကြပ်စစ်ဆေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အဝင်အထွက်စစ်ဆေးခြင်း၊ ပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ပိုးသတ်ခြင်းစသည့် ကျရာတာဝန်တွင် ကျေပွန်စွာထမ်းဆောင်လျက် ကပ်ရောဂါကာကွယ်ထိန်းချုပ် ပထမဂိတ်ကို လုံခြုံအောင် ဆောင်ရွက်ပေးခဲ့ကြကြောင်း တရုတ်နိုင်ငံ...
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ် နိုင်ငံ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဗဟိုဌာန (China CDC) အကြီးအကဲက အမေရိကန်နိုင်ငံရှိ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေးဌာနသို့ COVID-19 ရောဂါနှင့်ပတ်သက်၍ ဇန်နဝါရီ ၄ ရက်နေ့ထက် နောက်မကျဘဲ အသိပေးအကြောင်းကြားခဲ့ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ...
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှု လုပ်ကိုင်နေစဉ်အတွင်းမှာပင် အလွန်ခိုင်မာပြီး ပညာရှင်ဆန်သော ထိရောက်မှုအပြည့်အဝရှိသည့် COVID-19 သတင်းအချက်အလက်ထုတ်ပြန်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) ကမ္ဘာ့နိုင်ငံအားလုံး၏ စည်းလုံးညီညွတ်မှု နှင့် ပူးပေါင်းဆောင်ရွက်မှု စုပေါင်းတွန်းလှန်တုံ့ပြန်ခြင်းကြောင့် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးတွင် နိုင်ငံတကာအသိုင်းအဝန်းအနေဖြင့် အောင်မြင်မှုရရှိလိမ့်မည်ကို တရုတ်နိုင်ငံက အပြည့်အဝယုံကြည်ကြောင်း တရုတ်နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်ခုက ဆိုသည်။
လန်ဒန် ၊ ဇွန် ၇ ရက်(ဆင်ဟွာ) အင်္ဂလန်နိုင်ငံ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများအား COVID-19 ကူးစက်ခံရခြင်းရှိ/မရှိ သိနိုင်ရန် ၆ ကြိမ်မြောက် စမ်းသပ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင် ပိုးကူးစက်ခံထားရသည့် Positive ဖြစ်သူ မတွေ့ရှိကြောင်း ပရီးမီးယားလိဂ်တာဝန်ရှိသူများက ဇွန် ၆ ရက်က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၆ ရက် (ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲ နမူနာ ၁၅၉၉ ခုအားယနေ့စစ်ဆေးရာတွင့်လူနာသစ် (၄) ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် ဇွန် ၆ ရက် ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ (၂၄၀) ဦးရှိပြီဖြစ်ကြောင်း...
ဂျီနီဗာ၊ ဇွန် ၆ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က COVID-19 ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းများအသုံးပြုရေးဆိုင်ရာ လမ်းညွှန်ချက်ကို ဇွန် ၅ ရက်က မွမ်းမံထုတ်ပြန်လိုက်ပြီး အသက် ၆၀ နှစ်နှင့် အထက်ရှိသူများ သို့မဟုတ် ရောဂါအခံရှိသူများအနေဖြင့် လူချင်းခပ်ခွာခွာနေရန်မဖြစ်နိုင်သည့် အခြေအနေမျိုးတွင် ကျန်းမာရေးနှာခေါင်းစည်းကို တပ်ဆင်ရန်...
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁၃ ရက်၌ ကျရောက်မည့် ယခုနှစ်၏ ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များနေ့တွင် ကျင်းပရန် အစီအစဉ်ပေါင်း ၄,၆၀၀ ကျော်ကို စီစဉ်ထားကြောင်း သိရသည်။