Connect with us

Eastern Europe

ရုရှား-ယူကရိန်း ပဋိပက္ခအတွင်း အမေရိကန်၏ တရုတ်နိုင်ငံနှင့်ပတ်သက်သော မှားယွင်းသည့် ထုတ်ပြန်ချက်အား အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံးက တုံ့ပြန်ပြောကြား

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်အား ဖေဖော်ဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ မေ ၄ ရက် (ဆင်ဟွာ)

ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ပွားစဉ်အတွင်း ရုရှားမှ ယူကရိန်းပြဿနာအပေါ် “ဝါဒဖြန့်မှု၊ လျှို့ဝှက်ပူးပေါင်းကြံစည်မှုသီအိုရီနှင့် သတင်းအတုအယောင်” များကို တရုတ်အရာရှိနှင့် မီဒီယာများက ချဲ့ကားဖော်ပြနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်ချက်ပြုမှုအပေါ် အမေရိကန်နိုင်ငံဆိုင်ရာ တရုတ်သံရုံး ပြောရေးဆိုခွင့်ရှိသူက မေ ၃ ရက်တွင် သတင်းထောက်မေးမြန်းမှု ဖြေကြားရာ၌ ငြင်းဆိုခဲ့သည်။

ယူကရိန်းအရေးနဲ့ ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် မှန်ကန်မျှတပြီး ကျိုးကြောင်းဆီလျှော်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။ သတင်းအတုအယောင်ဖြန့်ချိမှုနှင့် ပတ်သက်၍ အမေရိကန်အနေဖြင့် မိမိဝေဖန်ဆန်းစစ်သင့်သည်။ နှစ်ပေါင်းများစွာအတွင်း အမေရိကန်က အီရတ်၊ အာဖဂန်၊ ဆီးရီးယားစစ်ပွဲများ စတင်ခဲ့ရာ အရပ်သားပေါင်း ၃၃၅,၀၀၀ သေဆုံးခဲ့သည်မှာ သတင်းအတုအယောင်မဟုတ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအများစုက ရုရှား-ယူကရိန်းပဋိပက္ခကို ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် ဖြေရှင်းရန် ထောက်ခံကြပြီး အခြေအနေအရှိန်မြင့်တက်လာမှုနှင့် အထိန်းအကွပ်မဲ့ ဖြစ်ပွားလာမှုကို မလိုလားကြသည်မှာလည်း သတင်းအတုအယောင်မဟုတ်ကြောင်း ၎င်းကဆိုသည်။

ယူကရိန်းတွင် အမေရိကန်၏ ဇီဝဓာတ်ခွဲခန်း နှင့် အခြားပူးပေါင်းဆောင်ရွက်မှု အဆောက်အအုံ ၂၆ ခုရှိကြောင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာတွင် အမေရိကန်မှ ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်းသို့ တင်ပြသည့် လုပ်ငန်းစာရွက်စာတမ်းတွင် ဖော်ပြထားသည်။ သို့သော် ၂၀၂၂ ခုနှစ် မတ်တွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့် စာရွက်စာတမ်းများအရ ယူကရိန်းတွင် အမေရိကန် “ပူးပေါင်းဆောင်ရွက်ရေး အဆောက်အအုံ” ၄၆ ခုရှိကြောင်း သိရသည်။ ၎င်းသည်လည်း သတင်းအတုအယောင်မဟုတ်ပေ။ အမေရိကန်အနေဖြင့် ကုလသမဂ္ဂ၊ ဇီဝလက်နက်တားမြစ်ခြင်းကွန်ဗင်းရှင်း မူဘောင်အောက်တွင် နိုင်ငံတကာအသိုက်အဝန်း၏ ပူးပေါင်းစစ်ဆေးမှုများကို ကြိုဆိုသင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အခြေအမြစ်မရှိပြစ်တင်မှုနှင့် နာမည်ဖျက်အိုးမည်းသုတ်မှုက ပြသနာကို ဖြေရှင်းနိုင်မည်မဟုတ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။(Xinhua)

—————————–
(Chinese Version)
中国驻美使馆驳斥美方就俄乌冲突发表的涉华错误言论

新华社华盛顿5月3日电 中国驻美国大使馆发言人3日回答记者提问,驳斥美国国务院2日在一份声明中声称的所谓中方官员和媒体在俄乌冲突当下传播放大俄方在乌问题上的“宣传、阴谋论和虚假信息”。

发言人说,中方在乌克兰问题上的立场公正客观、无可非议。说到散布虚假信息,美方应认真反思。美方多年来发动伊拉克、阿富汗、叙利亚等战争,造成33.5万平民丧生,这不是虚假信息。世界上绝大多数国家主张通过对话谈判解决俄乌冲突,不希望看到局势升级甚至失控,这也不是虚假信息。

发言人说,2021年11月,美国向《禁止生物武器公约》缔约国大会提交的工作文件承认美在乌克兰有26处生物实验室等合作设施。2022年3月,美国防部公布的“事实文件”显示美在乌有46个“合作设施”。这不是虚假信息。美方应欢迎国际社会在联合国、《禁止生物武器公约》等框架下共同进行核查。

发言人说,指责、抹黑解决不了问题。

图说- 这是2月21日在美国首都华盛顿拍摄的白宫。(新华社记者刘杰摄)