Connect with us

Local

စက်သုံးဆီ လက်လီ နှင့် လက်ကားရည်ညွှန်းဈေးနှုန်းများကို မေ ၄ ရက်မှစတင်၍ သတ်မှတ် ထုတ်ပြန်

ရန်ကုန်မြို့ရှိ စက်သုံးဆီ အရောင်းဆိုင်တစ်ဆိုင်အားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ မေ ၄ ရက် (ဆင်ဟွာ)

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ မြို့တော်များအတွက် စက်သုံးဆီ လက်လီ နှင့် လက်ကားရည်ညွှန်းဈေးနှုန်းများကို မေ ၄ ရက်မှစတင်၍ သတ်မှတ် ထုတ်ပြန်ပေးလိုက်ပြီး နေ့စဉ်ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ ယနေ့ မေ ၄ ရက်တွင်ပြောသည်။စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ မှ တာဝန်ရှိသူတစ်ဦးက “ပုံမှန်အားဖြင့်တော့ ဈေးနှုန်းဆိုတာက ဝယ်လိုအားနဲ့ ရောင်းလိုအားအရ သတ်မှတ်တာပါ။ အခုကာလမှာတော့ စက်သုံးဆီတွေကို မတန်တဆဈေးနှုန်းနဲ့ ရောင်းချမှုတွေမဖြစ်ပွားဖို့အတွက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံ ဓာတုဗေဒလုပ်ငန်းကနေ အခြေခံဈေးနှုန်းကိုတွက်ချက်ပြီး ရောင်းသင့်တဲ့ဈေးနှုန်းကို ကျွန်တော်တို့ကော်မတီကနေထုတ်ပြန်ပေးတာပါ။ ဒါက ရည်ညွှန်းဈေးပေ့ါ။ ဒီဈေးအတိုင်းရောင်းဖို့တော့ မဟုတ်ဘူး။ ဒီရည်ညွှန်းဈေး အပေါ်မှာ အခြေခံပြီး စက်သုံးဆီဆိုင်တွေက ရောင်းပေးရမှာဖြစ်တယ်။ မတန်တဆဈေးမြင့်သွားလို့ မရဘူးပေ့ါ။ အဲဒါတွေကို ကျွန်တော်တို့ကြီးကြပ်ရေးကော်မတီကနေကြီးကြပ်သွားမှာပါ။’’ ဟု ၎င်းတာဝန်ရှိသူကဆက်ပြောသည်။

ယင်းစက်သုံးဆီ လက်လီ၊ လက်ကားဈေးနှုန်းများအား MOPS ၏ ဈေးနှုန်းပေါ်တွင် အခြေခံ၍ တွက်ချက်ထားခြင်းဖြစ်ကြောင်း စက်သုံးဆီတင်သွင်း၊ သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေး ကော်မတီ ၏ ထုတ်ပြန်ချက်အရ သိရသည်။

“ပြည်သူတွေကတော့ စက်သုံးဆီဈေးနှုန်းကို သင့်တင့်တဲ့ ဈေးနှုန်းနဲ့ဝယ်ယူရရှိမှာပေ့ါ။ စက်သုံးဆီလက်လီ၊ လက်ကားဈေးနှုန်းကိုလည်း နေ့တိုင်းထုတ်ပြန်ပေးသွားမှာပါ။ ပြည်သူများအနေနဲ့ စက်သုံးဆီဝယ်ယူသုံးစွဲတဲ့အခါ အဆင်မပြေမှုတစုံတရာ ရှိရင် ကျွန်တော်တို့ကော်မတီကို တိုင်ကြားနိုင်ပါတယ်။ စက်သုံးဆီမပြတ်လပ်စေရေး၊ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးကို ကျွန်တော်တို့ကော်မတီက ဆက်လက်ထိန်းကျောင်းသွားမှာပါ။’’ ဟု ၎င်းတာဝန်ရှိသူကဆက်ပြောသည်။

ယနေ့ ၂၀၂၂ ခုနှစ် မေ ၄ ရက်အတွက် ရန်ကုန်မြို့ ၌ 92 Ron တစ်လီတာလျှင် ၁၉၆၅ ကျပ်၊ 95 Ron တစ်လီတာလျှင် ၂၀၂၀ ကျပ်၊ HSD (500 ppm) တစ်လီတာ လျှင် ၂၃၂၅ ကျပ်၊ HSD (50ppm) တစ်လီတာလျှင် ၂၃၅၀၊ HSD (10ppm) တစ်လီတာလျှင် ၂၅၀ ဖြင့် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ရည်ညွှန်းဈေးနှုန်းများ ထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117