ဂါဇာ၊ မတ် ၆ ရက် (ဆင်ဟွာ) ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ပေါင်မုန့်ဆိုင်တစ်ခုတွင် မတ် ၅ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၁ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဗက်သလင်ဟမ်၊ မတ် ၆ ရက်(ဆင်ဟွာ) ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဗက်သလင်ဟမ်မြို့တွင် COVID-19 ရောဂါ အတည်ပြုလူနာ ၇ ဦး ရှိကြောင်း ပါလက်စတိုင်း အမျိုးသား အာဏာပိုင်အဖွဲ့က မတ် ၅ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း ၊ မတ် ၆ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်း က တရုတ် နိုင်ငံ အနေဖြင့် အီရန် နိုင်ငံ ၏ ကပ်ရောဂါ တိုက်ဖျက်ရေး တွင် အတတ်နိုင်ဆုံး ဆက်လက် ကူညီထောက်ပံ့ ပေးသွားမည် ဖြစ်ပြီး...
ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဝူဟန့်မြို့သည် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုကြောင့် အရေးတကြီးစွန့်ပစ်ရန်လိုသော ဆေးဘက်ဆိုင်ရာသုံး စွန့်ပစ်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။
ဝါရှင်တန်၊ မတ် ၅ ရက် (ဆင်ဟွာ) နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) သည် ဝင်ငွေနည်းနှင့် ဈေးကွက်ပေါ်ထွန်းစနိုင်ငံများသို့ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုအတွက် အရေးပေါ်ငွေကြေးလိုအပ်မှု အလျင်အမြန်ထုတ်ပေးရေးအဖွဲ့မှတစ်ဆင့် အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ခန့် ထောက်ပံ့မည်ဖြစ်ကြောင်း မတ် ၅ ရက်တွင် ကြေညာလိုက်သည်။
နေပြည်တော်၊ မတ်လ ၅ ရက်(ဆင်ဟွာ) ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြခံ ဥပဒေ (၂၀၀၈)ကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေမူကြမ်းများပါ ပုဒ်မခွဲများအပေါ် လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၁၄၇ ဦးတို့၏ ဆွေးနွေးခြင်း အစီအစဉ် ပြီးဆုံးပြီ ဖြစ်ကြောင်း...
ဝူဟန့်၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ်ရှိ မြို့သုံးမြို့မှလွဲ၍ ကျန်မြို့များအားလုံးတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားသူအသစ်မရှိကြောင်း၊ အချို့မြို့များ၌ ၁၂ ရက်ဆက်တိုက် ကူးစက်မှုလုံးဝမရှိမှတ်တမ်းကို ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
ဂျီနီဗာ၊ မတ် ၅ ရက်(ဆင်ဟွာ) မတ် ၄ ရက် ဗဟိုဥရောပစံတော်ချိန်(CET) နံနက် ၁၀ နာရီတွင် ရရှိသည့် နိုင်ငံ အသီးသီး၏ အစီရင်ခံစာ ကိန်းဂဏန်းများအရ တစ်ကမ္ဘာလုံးတွင် COVID-19ရောဂါ ဖြစ်ပွားသူ စုစုပေါင်း ၉၃,၀၀၀ အထိ ရှိပြီဖြစ်ပြီး အတည်ပြုလူနာတွေ့ရှိသည့် နိုင်ငံ ၄...
ဟောင်ကောင် ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ဟောင်ကောင်၌ အိမ်မွေးတိရစ္ဆာန် ခွေးတစ်ကောင်အား အကြိမ်ကြိမ်စစ်ဆေးပြီးနောက်တွင် COVID-19 ဗိုင်းရပ်စ် ကူးစက်ခံရနိုင်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာရှိပြီး ဖြစ်နိုင်ချေ အလွန်နည်းပါးကြောင်း ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အစိုးရအဖွဲ့က မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီသည် မတ် ၄ ရက်တွင် အစည်းအဝေးကျင်းပ၍ လက်ရှိ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူမှုစီးပွား တည်ငြိမ်စွာ ဆောင်ရွက်ရေးဆိုင်ရာ အဓိကလုပ်ငန်းများအား အလေးထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။