Connect with us

North America

အမေရိကန်နိုင်ငံ မီနီရ်ပိုလစ်မြို့တွင် သေနတ်ပစ်မှုကြောင့် လူ ၂ ဦးသေဆုံး၊ ၈ ဦးဒဏ်ရာရ

ဝါရှင်တန်၊ မေ ၂၃ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မီနီဆိုတာပြည်နယ် မီနီရ်ပိုလစ်မြို့လယ်တွင် မေ ၂၂ ရက် နံနက်အစောပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားရာ လူ ၂ ဦးသေဆုံးကာ နောက်ထပ်လူ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။မီနီရ်ပိုလစ် ရဲတပ်ဖွဲ့ (MPD) အရာရှိများသည် ယင်းမြို့လယ်ရှိ ဘားတစ်ခုတွင် ဗဟိုစံတော်ချိန် နံနက် ၁:၅၉ နာရီက “ထူးခြားသော ပရမ်းပတာအခြေအနေတစ်ရပ်” ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိခဲ့သည်။ ကနဦးစုံစမ်းစစ်ဆေးမှုအရ လူနှစ်ဦးက အချင်းများရာက သေနတ်များဆွဲထုတ်ကာ အပြန်အလှန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားထားသည်။

“ပစ်ခတ်ခံရသူ ၁၀ ဦးလုံးက အရွယ်ရောက်ပြီးသူတွေဖြစ်တယ်လို့ ကနဦးအချက်အလက်အရ ဖော်ပြထားပါတယ်။ သူတို့ဟာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၅ ဦးဖြစ်ပါတယ်။ သေဆုံးသူ ၂ ဦးကတော့ အမျိုးသားတွေပါ။ ဒဏ်ရာရသူတွေအနက် အမျိုးသား ၁ ဦးကတော့ စိုးရိမ်ရပြီး ကျန်တဲ့ ၇ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်စရာမရှိပါဘူး” ဟု MPD က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အချင်းဖြစ်ပွားမှုမှာ North 1st Avenue ၏ 300 block တစ်လျှောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ သေဆုံးသူများနှင့် သံသယရှိသူများ၏ နာမည်ကို အများပြည်သူအား ထုတ်ပြန်ထားခြင်းမရှိကြောင်း သိရသ်ည။

“ဒီလိုမျိုး အသိတရားမရှိတဲ့ သေနတ်ကိုင်အကြမ်းဖက်မှုကို ရပ်တန့်ရမှာဖြစ်ပါတယ်။ ဒီပြစ်မှုတွေကို ကျူးလွန်သူတွေအနေနဲ့ ကျွန်တော်တို့ လူမှုအသိုင်းအဝိုင်းမှာ ခိုလှုံရာရှာတွေတာတွေ ဒါမှမဟုတ် လျှို့ဝှက်နေထိုင်တာမျိုးတွေ လုံးဝမရှိသင့်ပါဘူး” ဟု မီနီရ်ပိုလစ် ရဲတပ်ဖွဲ့ အကြီးအကဲ Medaria Arradondo က မေ ၂၂ ရက်၌ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ အကြမ်းဖက်မှုသည် မီနီရ်ပိုလစ်တွင် ဂျော့ရှ်ဖလွိုက် သေဆုံးခြင်း တစ်နှစ်ပြည့် နှစ်ပတ်လည်မတိုင်မီ ရက်ပိုင်းအလို၊ ယင်းမြို့တွင် အသက် ၆ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးမှုအပါအဝင် မကြာသေးမီက အခြားသောပစ်ခတ်မှုများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ပေါ်ပေါက်လာခြင်းဖြစ်သည်။ (Xinhua)

—————————————————-
(English Version)

2 dead, 8 injured in Minneapolis shooting

WASHINGTON, May 22 (Xinhua) — Two people died and another eight were injured in a shooting incident early Saturday morning in downtown Minneapolis, the U.S. state of Minnesota.
The Minneapolis Police Department (MPD) said officers responded to “an exceptionally chaotic scene” at 1:59 a.m. central time (0700 GMT) at a bar in the city center. Preliminary investigation revealed two people both pulled out guns and began shooting at each other as they got into a verbal confrontation.

“Of the 10 victims shot, preliminary information shows all are adults. 5 are males and 5 are females. The two deceased are males. One male is in critical condition and the remaining 7 have non-life-threatening injuries,” the MPD said in a statement.

The incident took place along the 300 block of North 1st Avenue. The names of the victims and suspects have not been publicly released. “These brazen senseless acts of gun violence must stop. The perpetrators of these crimes should never find refuge or anonymity in our communities,” Minneapolis Police Chief Medaria Arradondo said in a statement Saturday evening.
The violence, which came just days before the one-year anniversary of the killing in Minneapolis of George Floyd, followed other recent shootings in the city, including the death of a 6-year-old girl earlier this week. Enditem

Protesters hold signs during a gathering outside the 5th Precinct where riots occurred the night prior in Minneapolis, the United States, on May 30, 2020. Thousands of protesters took to the streets of Minneapolis Friday night, defying a citywide 8 p.m. curfew that had been announced earlier that day. Businesses were burned and vandalized, as the rioting continued, said local media reports. (Photo by Angus Alexander/Xinhua)