Connect with us

International Organizations

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် နှစ်စဉ်အဖွဲ့ဝင်ကိုယ်စားလှယ်ညီလာခံ၌ ၁၁ မှတ်စနစ် ပြုပြင်ပြောင်းလဲခြင်းကို အတည်မပြုနိုင်ခဲ့

ကွာလာလမ်ပူ ၊ မေ ၂၃ ရက် (ဆင်ဟွာ)

(၈၂) ကြိမ်မြောက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် နှစ်စဉ်အဖွဲ့ဝင်ကိုယ်စားလှယ်ညီလာခံကို မေ ၂၂ ရက် က အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့ရာတွင် ညီလာခံ၌ ၃ ပွဲ ၂၁ မှတ် စနစ်အား ၅ ပွဲ ၁၁ မှတ် စနစ်သို့ အမှတ်ရေတွက်သည့်စနစ် ပြုပြင်ပြောင်းလဲရေး အတွက် မဲခွဲဆုံးဖြတ်ခဲ့ရာတွင် အတည်မပြုနိုင်ခဲ့ကြောင်းသိရှိရသည်။ ထို့ပြင် ညီလာခံ၌ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ဘုတ်အဖွဲ့ဝင် ၂၀ ဦး ရွေးချယ်တင်မြှောက်ခဲ့ရာတွင် တရုတ်နိုင်ငံ ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ ကျန်းကျွင်းက မဲအများဆုံးဖြင့် ရွေးချယ်တင်မြှောက်ခံခဲ့ရကြောင်း သိရှိရသည်။ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်မှ ကြေညာချက်ထုတ်ပြန်ခဲ့ရာတွင် ယခုအကြိမ် အမှတ်ရေတွက်သည့် စနစ် ပြုပြင်မှုဆောင်ရွက်ရန် အင်ဒိုနီးရှား ကြက်တောင်အဖွဲ့ချုပ် နှင့် မော်လ်ဒိုက် ကြက်တောင်အဖွဲ့ချုပ် တို့က အဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်ပြီး အာရှကြက်တောင်အဖွဲ့ချုပ် မှလည်း ပူးတွဲအဆိုပြုတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း ၊ မေလ ၂၂ ရက်၌ မဲခွဲဆုံးဖြတ်ခဲ့ရာတွင် ၂၈၂ မဲပေးခဲ့ရာ၌ အဆိုပြုချက်အား အတည်ပြုရန် ၆၆.၃၁ ရာခိုင်နှုန်းက ထောက်ခံခဲ့ကြကြောင်း ၊ သို့သော် အဆိုပြုချက်အား အတည်ပြုနိုင်ရန်လိုအပ်သည် ထောက်ခံမဲ ၃ ပုံ ၂ ပုံ မရရှိခဲ့သဖြင့် အလွန်သေးငယ်သည့် ကွာဟမှုဖြင့် အဆိုပြုချက်အား အတည်မပြုနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ညီလာခံတွင် ဥက္ကဋ္ဌ ရာထူးအား ဆက်လက်တာဝန်ထမ်းဆောင်ရန် ရွေးချယ်ခြင်း ခံရသည့် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ဥက္ကဋ္ဌ Poul-Erik Høyer Larsen က အမှတ်ရေတွက်သည့် စနစ် ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန် အလွန်သေးငယ်သည့် ကွာဟမှုဖြင့် အတည်မပြုနိုင်ခဲ့သော်လည်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ယင်းရလာဒ်အပေါ် လေးစားပြီး ဆက်လက်၍ ယခုဆောင်ရွက်နေသည့် ၃ ပွဲ ၂၁ မှတ် စနစ်ကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ၊ မိမိအနေဖြင့် ဥက္ကဋ္ဌ ရာထူး ဆက်လက်တာဝန်ထမ်းဆောင်ခွင့် ရရှိခဲ့သည့် အတွက် ကျေးဇူးတင်လိုပြီး ကြက်တောင် အားကစားအား ပိုမိုမြင့်မားသည့် အဆင့်တစ်ခုသို့ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်အနေဖြင့် ကာလတစ်လျှောက် ၁၁ မှတ်စနစ် ပြုပြင်ပြောင်းလဲရန် တွန်းအားပေးဆောင်ရွက်နေပြီး ပြိုင်ပွဲအချိန်အား လျှော့ချရန် ၊ အားကစားသမား ဒဏ်ရာရရှိမှုကို လျှော့ချရန် နှင့် ပရိသတ်များအား ပိုမိုဆွဲဆောင်နိုင်ရန်အတွက်ဖြစ်ကြောင်း ၊ ယခုအကြိမ် မဲခွဲဆုံးဖြတ်မှုသည် ၂၀၁၈ ခုနှစ် ဘန်ကောက် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် နှစ်စဉ် ညီလာခံ၌ မဲခွဲဆုံးဖြတ်ပြီးနောက် အဆိုပါ ဆောင်ရွက်မှုနည်းလမ်းအတိုင်း ထပ်မံအတည်မပြုနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

Poul-Erik Høyer Larsen အပြင် မေလ ၂၂ ရက်ကျင်းပပြုလုပ်သည့်ညီလာခံတွင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ပထမ ဒုဥက္ကဋ္ဌ နှင့် မသန်စွမ်းသူ ကြက်တောင်အားကစားအား တာဝန်ယူရသည့် ဒုတိယ ဥက္ကဋ္ဌ တို့ကလည်း သက်ဆိုင်ရာရာထူး အသီးသီး အတွက် တစ်ဦးတည်း ရွေးကောက်ခံများအနေဖြင့် ဆက်လက်၍ တာဝန်ထမ်းဆောင်ခွင့် ရရှိသွားခဲ့ကြကြောင်း သိရှိရသည်။ (Xinhua)

—————————————————-
(Chiese Version)

(体育)世界羽联年度会员代表大会未通过11分制改革

新华社吉隆坡5月22日电(记者林昊)第82届世界羽联年度会员代表大会22日以线上方式举行,大会对将3局21分制改为5局11分制的计分制度改革进行表决,但未通过这一方案。大会还选举产生20名世界羽联理事会成员,中国羽毛球协会主席张军以最高票数当选。

世界羽联在一份声明中表示,本次修改计分系统的提议由印尼羽协和马尔代夫羽协提出,并得到亚洲羽毛球联合会附议。在当日投票表决的282票中,这一提案获得66.31%票数的支持,以微弱差距未能获得通过所需的三分之二多数支持。

在当天大会上正式获得连任的世界羽联主席拉尔森表示,尽管计分改革仅以微弱差距未能获得通过,但世界羽联尊重这一结果,保留现行的3局21分制。拉尔森也对自己获得连任表达感谢,表示将致力于把羽毛球运动提升到新的高度。

世界羽联近年来一直在推动11分制改革,以缩短比赛时间,减少球员受伤风险并吸引更多球迷。这次是继2018年在曼谷举行的世界羽联年度会员代表大会后,这一方案再次未能获得通过。
除拉尔森外,当天的会员代表大会同时确认世界羽联第一副主席帕塔玛以及负责残疾人羽毛球的副主席库尔佐作为各自职务的唯一候选人获得连任。(完)

Photo
11月13日,林丹在比赛中回球。 当日,在2019中国香港公开赛男单第一轮比赛中,中国选手林丹以2比1战胜丹麦选手维汀哈斯,晋级下一轮。 新华社记者卢炳辉摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.