Connect with us

International Organizations

ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေး တက်ရောက်ကြသည့် ခေါင်းဆောင်များက ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်သွားရန် တိုက်တွန်း

ရောမ ၊ မေ ၂၃ ရက် (ဆင်ဟွာ)

ကမ္ဘာ့နိုင်ငံအသီးသီး မှ ခေါင်းဆောင်များ ၊ နိုင်ငံတကာ နှင့် ဒေသတွင်း အဖွဲ့အစည်း မှ တာဝန်ရှိပုဂ္ဂိုလ်များ နှင့် ကိုယ်စားလှယ်များသည် မေ ၂၁ ရက်က ဗီဒီယို ကွန်ဖရန့်ဖြင့် ရောမမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေး ထိပ်သီးအစည်းအဝေးသို့ အတူတကွ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးတွင် COVID-19 ကပ်ရောဂါတိုက်ဖျက်ရေး အတွေ့အကြုံများကိုမျှဝေခဲ့ကြပြီး ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်သွားကာ အတူတကွ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအန္တရာယ်ကို ကာကွယ်တားဆီးသွားကြရန် တိုက်တွန်းခဲ့ကြကြောင်း သိရှိရသည်။

အီတလီနိုင်ငံဝန်ကြီးချုပ် Mario Draghi (ညာ-၂) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen (ညာ-၃) တို့အား မေ ၂၁ ရက် ကရောမမြို့၌ ကျင်းပပြုလုပ်သည့်

အီတလီနိုင်ငံဝန်ကြီးချုပ် Mario Draghi က အဖွင့်မိန့်ခွန်းပြောကြားရာတွင် COVID-19 ကပ်ရောဂါဖြစ်ပွားရာတွင် လက်ရှိချိန် နှင့် အနာဂတ် တို့၌ နိုင်ငံတကာပူးပေါင်းဆောင်ရွက်၏ အရေးပါပုံကို ပေါ်လွင်စေခဲ့ကြောင်း ၊ လက်ရှိချိန်တွင် ဦးစားပေးဆောင်ရွက်သွားရမည့် ကိစ္စမှာ COVID-19 ကပ်ရောဂါအား အောင်မြင်အောင် တိုက်ဖျက်သွားရမည်ဖြစ်ပြီး ယင်းအတွက် ကမ္ဘာ့ပြည်သူလူထုများကို အမြန်ဆုံး ကာကွယ်ဆေး ထိုးနှံပေးသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အီတလီနိုင်ငံ ဝန်ကြီးချုပ် က ထိပ်သီးအစည်းအဝေးအပြီး သတင်းမီဒီယာများ နှင့်တွေ့ဆုံရာတွင် မိမိအနေဖြင့် အစည်းအဝေးတက်ရောက်ခဲ့သူများ အစည်းအဝေးတွင် ပြုလုပ်ခဲ့ကြသော ကတိကဝတ်များ၏ စေတနာ နှင့် အတိုင်းအတာများအပေါ် ကျေနပ်မိကြောင်း ပြောကြားခဲ့သည်။

အီတလီနိုင်ငံဝန်ကြီးချုပ် Mario Draghi (ညာ) နှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့အား မေလ ၂၁ ရက်က ရောမမြို့၌ ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းပွဲတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen က အစည်းအဝေး၌ မိန့်ခွန်းပြောကြားရာတွင် ထိပ်သီးအစည်းအဝေးကျင်းပပြုလုပ်ရသည့် အဓိက ရည်ရွယ်ချက်မှာ COVID-19 ကပ်ရောဂါအား တားဆီးသွားရန်အတွက်ဖြစ်ကြောင်း ၊ ထို့ပြင် လူများအားလုံး ကာကွယ်ဆေးထိုးနှံမှုခံယူနိုင်ရန်အတွက်လည်းဖြစ်ပြီး အနာဂတ်တွင်ဖြစ်ပွားလာနိုင်သော ကျန်းမာရေး အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရန်ဖြစ်ကြောင်း ၊ အစည်းအဝေး၌ အတည်ပြုနိုင်ခဲ့သော “ရောမကြေညာစာတမ်း” သည် ဆန်းသစ်မှု နှင့် သမိုင်းတွင်မှုဖြစ်ပြီး G 20 အဖွဲ့ဝင်နိုင်ငံများအနေဖြင့်လည်း ကြေညာစာတမ်းတွင် ပါဝင်သည့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု မူဝါဒ စသည့် အခြေခံနိယာမ တို့ကို လိုက်နာရန် ကတိပြုခဲ့ကြောင်း ပြောကြားခဲ့သည်။

ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen အား မေလ ၂၁ ရက် ၌ရောမမြို့ တွင်ကျင်းပပြုလုပ်သည့် ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး သတင်းစာရှင်းလင်းတွင် မြင်တွေ့ရစဉ်(ဆင်ဟွာ)

ရုရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ် Tatyana Golikova က မိန့်ခွန်းပြောကြားရာတွင် ရုရှားနိုင်ငံအနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၊ ကုလသမဂ္ဂ နှင့် အခြားသော နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် မိတ်ဖက်အသီးသီးတို့ဖြင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်သွားလိုပြီး COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပွားလာသော အန္တရာယ် နှင့် အကျိုးဆက်များကို အမြန်ဆုံး ပယ်ဖျက်သွားလိုကြောင်း ၊ သက်ဆိုင်ရာနိုင်ငံအသီးသီး အနေဖြင့်လည်း ကပ်ရောဂါတိုက်ဖျက်ရေး ပစ္စည်းများ ထောက်ပံ့တင်ပို့မှုအတွက် နိုင်ငံတကာအစိမ်းရောင်လမ်းကြောင်း ဖွင့်လှစ်ပေးကြရန် တိုက်တွန်းလိုပြီး သက်ဆိုင်ရာ အရေးယူပိတ်ဆို့မှုများအား ပယ်ဖျက်သွားရန် တိုက်တွန်းကြောင်း ၊ COVID-19 ရောဂါကာကွယ်ဆေး စသည့် ဆေးဘက်ဆိုင်ရာ ပစ္စည်းများကို ပိုမိုလျင်မြန်စွာ တီထွင်ထုတ်လုပ်သွားကြပြီး ၎င်းတို့နှင့်ပတ်သက်၍လည်း အတည်ပြုပေးသွားရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က အစည်းအဝေးတွင် ကာကွယ်ဆေးခွဲဝေမှု မညီမျှသည့် အပေါ် ကန့်ကွက်ကြောင်း ၊ ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေး တိုက်ပွဲတွင် အားလုံးက မဟာမိတ်များဖြစ်သောကြောင့် ကပ်ရောဂါအား တိုက်ဖျက်နိုင်သည့် လက်နက်အားလုံးကို အသုံးပြုသွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယခုအကြိမ်ထိပ်သီးအစည်းအဝေး အား G 20 ဥက္ကဌ နိုင်ငံဖြစ်သည့် အီတလီ နိုင်ငံ နှင့် ဥရောပ ကော်မရှင်တို့က ပူးပေါင်းအဆိုပြုကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။ ထိပ်သီးအစည်းအဝေး မှ ထုတ်ပြန်ခဲ့သည့် “ရောမကြေညာစာတမ်း” တွင် G 20 အဖွဲ့အနေဖြင့် စည်းလုံးညီညွတ်မှုကို တိုးချဲ့သွားရန် ၊ နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် ၊ သိပ္ပံနည်းကျ မူဝါဒများချမှတ်သွားရန် ၊ ကပ်ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းတွင် ပြည်သူကို ဗဟိုပြု၍ လုပ်ကိုင်ဆောင်ရွက်သွားရန် ၊ ဘဏ္ဍာရေး နှင့် ကာကွယ်ဆေးစသည့် ကဏ္ဍများတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ကူညီထောက်ပံ့မှုများ တိုးချဲ့သွားရန်တို့ပါဝင်ကြောင်း သိရှိရသည်။ (Xinhua)

—————————————————-
(Chinese Version)
(国际疫情)全球健康峰会与会各方呼吁加强抗疫合作

新华社罗马5月21日电(记者李洁)多国领导人、国际和地区组织负责人或代表21日以视频方式参加在罗马举行的全球健康峰会,分享应对新冠疫情的经验并呼吁加强抗疫多边合作、采取共同行动防范全球性健康危机。

意大利总理德拉吉在开幕致辞时说,新冠疫情凸显国际合作在当前和未来的重要性。他强调,目前的优先事项是战胜新冠疫情,为此应尽快为全世界民众接种疫苗。德拉吉在峰会后对记者说,自己对各方在此次峰会上做出承诺的诚意和力度表示满意。

欧盟委员会主席冯德莱恩在峰会上表示,峰会的主要目的是遏制新冠疫情,确保所有人能获得疫苗,并为应对将来可能发生的健康危机做好准备。她强调,峰会通过的《罗马宣言》是“开创性和历史性的”,二十国集团国家都承诺遵守宣言中提到的多边主义等基本原则。

俄罗斯副总理戈利科娃在峰会上说,俄方愿在世界卫生组织、联合国和其他国际组织内与所有伙伴通力协作,以尽快消除新冠病毒大流行带来的危险与后果。她还呼吁有关各方为抗疫必需品供销开辟国际绿色通道,解除相关制裁,加速研制新冠疫苗等医药产品并对其予以认证。

南非总统拉马福萨在会上表示反对疫苗分配不公。他说,在全球抗击疫情的斗争中,大家都是同盟,必须使出所有的抗疫“武器”。

此次峰会由二十国集团主席国意大利和欧盟委员会联合倡议举办。峰会发表了《罗马宣言》,重申二十国集团将加强团结、深化合作、科学施策,将人民放在疫情防控工作中心,在金融、疫苗等方面加大对发展中国家的支持。(完)

Photo
1. 5月21日,意大利总理德拉吉(右二)和欧盟委员会主席冯德莱恩(右三)在意大利罗马出席全球健康峰会。新华社发
2. 5月21日,意大利总理德拉吉(右二)和欧盟委员会主席冯德莱恩(左二)在意大利罗马出席全球健康峰会。新华社发
3. 5月21日,意大利总理德拉吉(右)和欧盟委员会主席冯德莱恩在意大利罗马出席全球健康峰会后的新闻发布会。 新华社发
4.5月21日,欧盟委员会主席冯德莱恩在意大利罗马出席全球健康峰会后的新闻发布会。新华社发