နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ရက်(ဆင်ဟွာ) တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အတွက် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ခုခံ ကာကွယ်ရေး ပစ္စည်းများအား မြန်မာ့ တပ်မတော်က လူသားချင်း စာနာ ထောက်ထားမှု အကူအညီအဖြစ် ပေးလှူခြင်းကို ယနေ့နံနက် တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ တပ်မတော်လေဆိပ်၌ ပြုလုပ်ခဲ့သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ရှန်ဟိုင်းနှင့် ထျန်းကျင်း အပါအဝင် ပြည်နယ်အဆင့် ဒေသ ၂၃ ခုတွင် ဖေဖော်ဝါရီ ၂၄ ရက်က နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ COVID-19 အသစ်ဖြစ်ပွားမှု မရှိကြောင်း ဒေသခံကျန်းမာရေးအာဏာပိုင်များက ဖေဖော်ဝါရီ ၂၅ ၌ ပြောကြားခဲ့သည်။
ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) အကြီးအကဲ က COVID-19 ရောဂါသည် ထိန်းချုပ်၍ ရနိုင်ကြောင်း ၊ ယင်းမှာ တရုတ်နိုင်ငံတွင် WHO နှင့် တရုတ် နိုင်ငံမှ ကျွမ်းကျင်သူများ ပူးတွဲပြုလုပ်သော စူးစမ်းလေ့လာမှု တွေ့ရှိချက်များအပေါ် အခြေခံ၍ ရှင်းလင်းသော သတင်းစကား...
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ တတိယအကြိမ် မြန်မာကျပ်ငွေဖြင့် ကျောက်စိမ်းအရောင်းပြပွဲအား ဖေဖော်ဝါရီ ၂၄ ရက်တွင် စတင် ကျင်းပခဲ့ပြီး ပြပွဲတွင် ကျောက်စိမ်းအတွဲရေ ၆၅၆ တွဲ ပါဝင်ပြသထားကြောင်း ပြန်ကြားရေး ဝန်ကြီးဌာနထံမှ သိရသည်။
နယူးဒေလီ ၊ ဖေဖော်ဝါရီ ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံနယူးဒေလီမြို့တော်၌ အငြင်းပွားဖွယ်နိုင်ငံသားဥပဒေနှင့်ပတ်သက်၍ ပဋိပက္ခဖြစ်ပွားမှုအတွင်း ဖေဖော်ဝါရီ ၂၄ ရက်က တပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့ရကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ဒေလီမြို့အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သော အိန္ဒိယနိုင်ငံသားအက်ဥပဒေပြင်ဆင်ချက်(CAA) အပေါ် ထောက်ခံသူများ နှင့် ကန့်ကွက်သူများအကြား ပဋိပက္ခအတွင်း ရဲတပ်ကြပ်ကြီးတစ်ဦး သေဆုံးခဲ့ရခြင်းဖြစ်သည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက်က ပေကျင်းမြို့၌ ကျင်းပရာ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ ဗဟို စစ်ကော်မရှင် ဥက္ကဋ္ဌ ၊ သမ္မတ ရှီကျင့်ဖိန်တက်ရောက်၍ အရေးကြီးမိန့်ခွန်းစကား ပြောကြားခဲ့သည်။
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငအနေဖြင့် အဓမ္မခိုင်းစေမှု ပပျောက်ရေးအတွက် ILO နှင့် ပူးပေါင်းဆောင်ရွက်မှု နှစ် ၂၀ ကျော်အကြာတွင် နိုင်ငံတော်အစိုးရက ဦးဆောင်ပြီးဖြေရှင်းမည့် National Complaint Mechanism တစ်ခုကို ထူတောင်နိုင်ခဲ့ရာ အဓမ္မခိုင်းစေမှုတိုင်ကြားချက်များကို လွတ်လွတ်လပ်လပ် လုံခြုံမှုရှိစွာ တိုင်ကြားနိုင်ကြောင်း မြန်မာ့ရုပ်မြင်သံကြား၊ မြန်မာ့အသံရေဒီယို၊...
ကွာလာလမ်ပူ ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)
ပေကျင်း ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နေ့စဉ် နိုဗယ်လ်ကိုရိုနာ ဗိုင်းရပ်စ် ကုသပျောက်ကင်းသွားသော လူနာ နှင့် ဆေးရုံမှဆင်းခွင့်ရသော လူနာအရေအတွက်သည် ရောဂါကူးစက်ခံရသော လူနာအသစ် အရေအတွက်ထက် ၆ ရက်ဆက်တိုက် ပိုမိုများပြားခဲ့ကြောင်း အမျိုးသားကျန်းမာရေးကောင်မရှင်က ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဆောင်ရှင်း၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ် ဆောင်ရှင်းမြို့ ဗဟိုဆေးရုံကြီး သီးခြားလူနာဆောင်တွင် တတ်ရောက်ဆေးကုသမှုခံယူနေသော အသက် ၃ နှစ်ရွယ်ကလေးငယ်တစ်ဦးသည် ရောဂါ သက်သာပျောက်ကင်း၍ ဖေဖော်ဝါရီ ၂၂ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရရှိခဲ့သည်။