Connect with us

CHINA

တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးက အင်ဒိုနီးရှားနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ထိရောက်မှုရှိဟု ကျန်းမာရေးဝန်ကြီးပြော

အင်ဒိုနီးရှားနိုင်ငံ၌ ကာကွယ်ဆေးထိုးနှံရန် အဓိကဦးစားပေးအုပ်စုဖြစ်သည့် ကျန်းမာရေးဝန်ထမ်းများအား ကာကွယ်ဆေး ထိုးနှံပေးရန် တရုတ်နိုင်ငံ Sinovac ကာကွယ်ဆေးများ ပြင်ဆင်နေစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ကာကွယ်ဆေးထိုးနှံထားသည့် ကျန်းမာရေးဝန်ထမ်းအများစုသည် သေဆုံးမှု နှင့် ဆေးရုံတင်ကုသရခြင်းမှ များစွာ ကာကွယ်ပေးနိုင်သည်ကို တွေ့ရှိရသည်နှင့်အမျှ COVID-19 ရောဂါတိုက်ဖျက်ရေး တရုတ်နိုင်ငံ၏ Sinovac ကာကွယ်ဆေးသည် အလွန်ထိရောက်မှု ရှိသည်ကို မြင်ရကြောင်း Bloomberg က မေ ၁၂ ရက်တွင် ဖော်ပြမှုအရ သိရသည်။

မေ ၁၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ အရာရှိတစ်ဦး ဖြစ်သူ Pandji Dhewantara က Sinovac ကာကွယ်ဆေး ထိုးနှံခဲ့သည့် ကျန်းမာရေးဝန်ထမ်း ၁၂၈,၂၉၀ ဦးထဲတွင် ဇန်နဝါရီလမှ မတ်လအထိ လေ့လာခဲ့ရာ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးနောက် ၇ ရက်အကြာတွင် ၉၈ ရာခိုင်နှုန်းမှာ သေဆုံးမှုမှ ကာကွယ်နိုင်ခဲ့ပြီး ၉၆ ရာခိုင်နှုန်းမှာ ဆေးရုံတင်ကုသရခြင်းမှ ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။

၉၄ ရာခိုင်နှုန်းသော ကျန်းမာရေးဝန်ထမ်းများသည် ရောဂါလက္ခဏာပြ ကူးစက်ခြင်းမှလည်း ကာကွယ်ပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ၏ လေ့လာမှုတွင် ဆေး၏ အာနိသင်ထိရောက်မှုကို ခန့်မှန်းနိုင်ရန် ကာကွယ်ဆေးထိုးနှံထားသူများနှင့် ကာကွယ်ဆေးမထိုးနှံထားခြင်းမရှိသူများအကြား နှိုင်းယှဉ်လေ့လာမှုပြုလုပ်ခဲ့ကြောင်း သိရသည်။ပါဝင်သူများ၏ ပျမ်းမျှအသက်မှာ ၃၁ နှစ်အရွယ် ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin က မေ ၁၁ ရက်တွင် Bloomberg နှင့် ပြုလုပ်သော မေးမြန်းမှုတွင် လူ ၂၅,၃၇၄ ဦးရှိသည့် အခြားအုပ်စုကို လေ့လာရာတွင် အထက်ပါရည်ညွှန်းအုပ်စုနှင့် ဆေးရုံတင်ကုသမှု နှင့် ကူးစက်မှုတို့အတွက် ထိရောက်မှုအချက်အလက်များသည် တူညီသည်ဟု ပြသခဲ့ကြောင်း ပြောကြားခဲ့သည်။ ပမာဏသေးငယ်သောအုပ်စုတွင် သေဆုံးမှုမှ ကာကွယ်ခြင်းသည် ၁၀၀ ရာခိုင်နှုန်း ရှိသည်။ဆေးဘက်ဆိုင်ရာဝန်ထမ်းများထဲတွင် ဆေးရုံတင်ကုသရခြင်း နှင့် သေဆုံးမှုသည် အလွန်ထိထိရောက်ရောက် ကျဆင်းသွားခဲ့ကြောင်း ကျန်းမာရေးဝန်ကြီး၏ ပြောကြားချက်ကို ကိုးကားဖော်ပြခဲ့သည်။ (Xinhua)

———————————–
(English Version)
China’s Sinovac vaccine stands out in protecting health workers in Indonesia: health ministry
JAKARTA, May 13 (Xinhua) — China’s Sinovac vaccine against COVID-19 has appeared to be highly efficacious, as an overwhelming majority of vaccinated health workers were found protected from death and hospitalization, according to a Bloomberg report on Wednesday.
On Wednesday, Pandji Dhewantara, an official of the country’s health ministry, told a press conference that among the 128,290 health workers vaccinated with Sinovac vaccines and tracked from January to March, 98 percent of them were protected from death and 96 percent from hospitalization as soon as seven days after the second dose.
Dhewantara also said that 94 percent of the workers had been protected against symptomatic infection.
The Indonesian study compared vaccinated people against the non-vaccinated to derive the estimated effectiveness, said the report. The median age of the participants is 31 years old.
In a Tuesday interview with Bloomberg, Indonesian Health Minister Budi Gunadi Sadikin said that another group of 25,374 people tracked showed the same effectiveness data for hospitalization and infection with the aforementioned group. Protection against death was 100 percent in the smaller group.
“We see a very, very drastic drop,” in hospitalizations and deaths among medical workers, Sadikin was quoted as saying. Enditem