Connect with us

Economy

တရုတ်နိုင်ငံ၏ စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ ရောင်းအား ပထမလေးလအတွင်း မြင့်တက်

တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လျူကျိုးမြို့ရှိ ထောက်ပံ့ပို့ဆောင်ရေးဥယျာဉ်တွင် စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များအား အလုပ်သမားများက စစ်ဆေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEV) ရောင်းအားများမှာ ဈေးကွက်တောင်းဆိုမှု တည်ငြိမ်စွာ ပြန်လည်နာလန်ထူနေသည့်ကြားမှ ပထမလေးလအတွင်း နှစ်အလိုက် တိုးတက်မှု ၂၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း တရုတ် မော်တော်ကားထုတ်လုပ်ရောင်းချသူများအသင်း၏ အချက်အလက်များ၌ ဖော်ပြထားသည်။

ဇန်နဝါရီလမှ ဧပြီလအတွင်း NEV ရောင်းအားမှာ ၇၃၂,၀၀၀ ယူနစ်ရှိခဲ့ပြီး လွန်ခဲ့သည့်နှစ်ကထက် ၂၄၉.၂ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း၊ ဧပြီလတစ်လတည်းတွင်ပင် NEV ရောင်းချမှုမှာ နှစ်အလိုက် ၁၈၀ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၂၀၆,၀၀၀ ယူနစ်အထိ ရောက်ရှိခဲ့ကြောင်း အချက်အလက်များက ဖော်ပြထားသည်။

NEV ၏ လစဉ် ထုတ်လုပ်မှုနှင့် ရောင်းအားများမှာ ၂၀၀,၀၀၀ ယူနစ်ကျော်ရှိနေပြီး လစဉ်စံချိန်သစ်တင်လျက်ရှိကာ မော်တော်ကားလုပ်ငန်းတစ်ခုလုံးထက် သာလွန်ကြောင်း အသင်းက ဆိုသည်။

တရုတ်နိုင်ငံအနေဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲခြင်းစနစ်နှင့် ဉာဏ်ရည်မြင့်ကွန်ရက်ချိတ်ဆက်ခြင်းကဲ့သို့သော နည်းပညာများ ပေါင်းစည်းမှု အဆင့်မြှင့်တင်ခြင်းဖြင့် NEVs ၏ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုကို ထပ်မံမြှင့်တင်ပေးသွားမည်ဖြစ်ကြောင်း စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အဆိုအရ သိရသည်။ (Xinhua)

———————————–
(English Version)
China’s NEV sales surge in first four months
Source: Xinhua| 2021-05-13 10:18:45|Editor: huaxia
BEIJING, May 13 (Xinhua) — Sales of new energy vehicles (NEV) in China increased by nearly 250 percent year on year in the first four months amid the steady recovery of market demand, data from the China Association of Automobile Manufacturers showed.
In the Jan.-April period, NEV sales amounted to 732,000 units, up 249.2 percent year on year. In April alone, NEV sales surged 180 percent year on year to reach 206,000 units, the data showed.
The monthly production and sales of the NEV remained over 200,000 units, setting new monthly records and outperforming the automobile industry as a whole, the association said.
China will further promote NEVs’ high-quality development by advancing the integration of technologies such as electrification and intelligent networking, according to the Ministry of Industry and Information Technology. ■
Workers check new energy vehicles at a logistics park in Liuzhou, south China’s Guangxi Zhuang Autonomous Region, March 8, 2021. (Photo by Li Hanchi/Xinhua)