ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၄) ရက်မှ အောက်တိုဘာလ (၁၇) ရက်အထိ ရှမ်းပြည်နယ်၊ တာချီလိတ် နယ်စပ်ဝင်/ထွက်ပေါက်မှတစ်ဆင့် ညအိပ်/နေ့ချင်းပြန်ခရီးစဉ် လာရောက်လည်ပတ်ကြသည့် ထိုင်း နိုင်ငံသား (၅၀,၉၂၇) ဦးနှင့် အခြားနိုင်ငံများမှ နိုင်ငံခြားသား ခရီးသွား ဧည့်သည်...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) သီတင်းကျွတ်ပွဲတော်မတိုင်ခင်ကာလက ဈေးကွက်အေးစက်နေသည့် မတ်ပဲ နှင့် ပဲစင်းငုံဈေးနှုန်းများမှာ ယခု ပွဲတော်အပြီး ဈေးကွက်အစမှာပင် ဈေးနှုန်း များ ရက်ပိုင်းအတွင်း ရုတ်တရက် မြင့်တက်လာကြောင်း မန္တလေးတိုင်းဒေသကြီး၊ မန္တလေးပဲဈေးကွက်မှ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် International Series ပြိုင်ပွဲဖြစ်သော Egypt International 2019 ကြက်တောင်ပြိုင်ပွဲ ပထမအဆင့်ပွဲစဉ်များကို အောက်တိုဘာ ၁၈ ရက်တွင် စတင်ကျင်းပမည် ဖြစ်ပြီး မြန်မာကြက်တောင်မယ် သက်ထားသူဇာ၏ ပွဲစဉ်လည်း ပါဝင်ကြောင်း သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ဘရာဇီးနိုင်ငံ သမ္မတ ဂျေအာ မက်စ်ရှက်စ် ဘိုဆိုနာရို (Jair Messias Bolsonaro) သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် အောက်တိုဘာလ ၂၄ ရက်မှ ၂၆ ရက်အထိ တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်မည်ဖြစ်ကြောင်း...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) (၃၀)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ဝန်ကြီးဌာန၏ ခွင့်ပြုရရှိသော ဘဏ္ဍာ ငွေအခြေအနေနှင့် ချိန်ထိုး၍ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ တတိယ(၁၀)ရက်ပတ် တွင် ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်၀န်း (၁)ကြိမ် ဖြစ်ပေါ်နိုင်ကြောင်း၊ မိုးလေ၀သခန့်မှန်းချက်ကို မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ယနေ့သတင်းထုတ်ပြန်သည်။
ဖရန့်ဖွတ်၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) “ကျဲ့ကျန်း၊ တရုတ်နိုင်ငံ : ဖွံဖြိုးတိုးတက်မှုအတွက် အမြင်သစ်” ဟူသော ခေါင်းစဉ်ဖြင့် တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန် ရေးသားသော စာများစုစည်းမှုကို ဂျာမန်နှင့် အင်္ဂလိပ်ဘာသာစကားများဖြင့် အောက်တိုဘာ ၁၅ ရက်တွင် မိတ်ဆက်ခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ အောက်တိုဘာ ၁၈ ရက်(ဆင်ဟွာ) (၇) ကြိမ်မြောက် Military World Gamesဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၈ ရက် ည ၈ နာရီ တွင် တရုတ်နိုင်ငံ ဝူဟန့်အားကစားစင်တာ၌ ကျင်းပမည်ဖြစ်ရာ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ ဗဟိုစစ်ကော်မရှင်ဥက္ကဋ္ဌ၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ...
ရန်ကုန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီးအတွင်း ပထမအကြိမ် ကျောက်စိမ်းအရိုင်း၊ အချောထည်နှင့် ကျောက်မျက်ရတနာ ရောင်းချပွဲကို မန္တလေးမြို့ရှိ MCC ခန်းမတွင် အောက်တိုဘာလ ၂၃ ရက်မှ ၂၉ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း (မန္တလေး)ထံမှ သိရသည်။
ပေကျင်း၊ အောက်တိုဘာ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် က ပေကျင်းတွင် ကျင်းပသည့် ကျုံးကွမ်းချွန်းဆွေးနွေးပွဲ ၂၀၁၉ သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ကို အောက်တိုဘာလ ၁၇ ရက်တွင်ပေးပို့ခဲ့သည်။ (Xinhua)