Connect with us

CHINA

ပထမဆုံး ကိုယ်တိုင်ထုတ် COVID-19 ရောဂါကာကွယ်ဆေးကို အသုံးပြုရန် တရုတ်နိုင်ငံက အတည်ပြု

တရုတ်နိုင်ငံ ပေကျင်းမြို့တော်ရှိ ပေကျင်း ဇီဝဗေဒဆိုင်ရာ ထုတ်ကုန်များအင်စတီကျူ့ ကုမ္ပဏီလီမိတက်၏ ထုပ်ပိုးစက်ရုံတွင် COVID-19 ကာကွယ်ဆေး (inactivated vaccine) ထုပ်ပိုးမှုအရည်အသွေးကို စစ်ဆေးနေသည့် ဝန်ထမ်းတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

 

ပေကျင်း၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ပထမဆုံး ကိုယ်တိုင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးကို ဈေးကွက်အခြေအနေအရ (conditional marketing authorization) တရားဝင်အသုံးပြုရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း တရုတ်နိုင်ငံက ဒီဇင်ဘာ ၃၁ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

အမျိုးသားဆေးဝါးထုတ်ကုန်များဦးစီးဌာန (NMPA) မှ ခွင့်ပြုချက်ရရှိထားသော COVID-19 ကာကွယ်ဆေး (inactivated vaccine) ကို Sinopharm နှင့် မိတ်ဖက်ဖြစ်သော တရုတ် အမျိုးသားဇီဝနည်းပညာအုပ်စု (CNBG) လက်အောက်ရှိ ပေကျင်း ဇီဝဗေဒဆိုင်ရာ ထုတ်ကုန်များအင်စတီကျူ့ကုမ္ပဏီလီမိတက်မှ ထုတ်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ကာကွယ်ဆေး၏ လက်တွေ့စမ်းသပ်မှုအဆင့်-၃ ကြားဖြတ်ရလဒ်များအရ COVID-19 တိုက်ဖျက်ရာတွင် ၇၉.၃၄ ရာခိုင်နှုန်းထိ ဆေးစွမ်းထက်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် NMPA ၏ စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိကြောင်း နိုင်ငံတော်ကောင်စီ COVID-19 တိုက်ဖျက်ရေး ပူးတွဲကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းက ပြုလုပ်သော သတင်းစာရှင်းလင်းပွဲအရ သိရသည်။ (Xinhua)

—————————————–
(English Version)
Update: China approves first self-developed COVID-19 vaccine
2020-12-31 13:05:38
BEIJING, Dec. 31 (Xinhua) — China announced on Thursday that it had granted conditional marketing authorization for its first self-developed COVID-19 vaccine.
The inactivated vaccine, which got the approval from the National Medical Products Administration (NMPA), is developed by the Beijing Biological Products Institute Co., Ltd. under the China National Biotec Group (CNBG), which is affiliated with Sinopharm.
The interim results of its phase-3 clinical trials shows 79.34 percent efficacy against COVID-19, meeting the standards of the World Health Organization and the NMPA, according to a press conference by the State Council joint prevention and control mechanism against COVID-19. ■
A staff member checks the packaging quality of COVID-19 inactivated vaccine products at a packaging plant of the Beijing Biological Products Institute Co., Ltd. in Beijing, capital of China, Dec. 25, 2020. (Xinhua/Zhang Yuwei)