ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူတိုးလာပြီး သြဂုတ် ၁၀ ရက် နေ့လည် ၁နာရီ ၃၅အချိန်ထိ သေဆုံးသူ ၃၀ ကျော် ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ဆန်နား၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) ယီမင်နိုင်ငံရှိ ဟူသီသူပုန်များက ဆော်ဒီအာရေဗျနိုင်ငံရှိ Abha လေဆိပ်အား တိုက်ခိုက်ရန် ဒရုန်းများ လွှတ်တင်ခဲ့ကြောင်း စစ်ဘက်ဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်အား ကိုးကား၍ ဟူသီသူပုန်များပိုင် Al-Masirah TV က သတင်းဖော်ပြခဲ့သည်။
မနီလာ၊ သြဂုတ်လ ၁၀ ရက်(ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အော်စကာ အယ်လ်ဘာရာလ်ဒီ(Oscar Albayalde) က ဖိလစ်ပိုင်နိုင်ငံတွင်တရားမဝင်မူးယစ်ဆေးဝါးများကို အစိုးရကကောင်းစွာထိန်းချုပ်နိုင်ခြင်းနှင့်အတူ နိုင်ငံအတွင်း ရာဇဝတ်မှုဖြစ်ပွားမှုများကလွန်ခဲ့သည့်နှစ်များအတွင်းကျဆင်းလာသည်ဟု သြဂုတ်လ ၉ ရက်က ၁၁၈ ကြိမ်မြောက်ဖိလစ်ပိုင်ရဲတပ်ဖွဲ့အခမ်းအနားတွင်မိန့်ခွန်းပြောကြားခဲ့ကြောင်းသိရသည်။
ဝါရှင်တန်၊သြဂုတ် ၁၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန် (Kim Jong Un) ထံမှ “စိတ်ကျေနပ်ဖွယ်ကောင်းသော” စာတစ်စောင် သြဂုတ်လ လက်ခံရရှိခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၁၀ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သြဂုတ် ၁၀ ရက် နံနက် ၁၀နာရီ ၃၀အချိန်ထိ သေဆုံးသူ ၂၉ ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
နယူးဒေလီ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံလေတပ်မှ SU-30 တိုက်လေယာဉ်တစ်စီးသည် နိုင်ငံအရှေ့မြောက်ဘက် အာသံပြည်နယ်အတွင်း သြဂုတ်လ ၈ ရက် ညပိုင်းက ပျက်ကျခဲ့ကြောင်း အိန္ဒိယလေတပ်က အတည်ပြုပြောကြားခဲ့သည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ သြဂုတ် ၉ ရက် နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် ည ၇ နာရီချိန်ထိ သေဆုံးသူ ၂၂ဦးထိ ရှိလာကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ သြဂုတ်လ ၈ ရက်တွင် စိတ်ကြွဆေးပြား ၂သန်းကျော် ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် လူ ၁၀ဦးသေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
အန်ကာရာ၊ သြဂုတ် ၉ ရက် (ဆင်ဟွာ) ဆီးရီးယားနိုင်ငံ နယ်စပ်အနီး တူရကီနိုင်ငံ တောင်ဘက် ဟာတေပြည်နယ် ရေဟန်လီခရိုင်ရှိ ခဲယမ်းမီးကျောက်သိုလှောင်ရုံတစ်ခုတွင် သြဂုတ် ၉ ရက် နံနက်အစောပိုင်းက ပေါက်ကွဲမှုများဖြစ်ပွားခဲ့ကြောင်း၊ လူသေဆုံးမှုသတင်းများ မရှိသေးကြောင်း NTV သတင်းများအရ သိရသည်။