Connect with us

Africa & Middle East

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၄၀ ကျော် ဆီနီဂေါပင်လယ်တွင် ရေနစ်သေဆုံးခဲ့ကြောင်း IOM ထုတ်ပြန်

ဆီနီဂေါ နိုင်ငံရှိ ပင်လယ်ကမ်းခြေတစ်ခုအား မြင်တွေ့ရစဉ်(ဆင်ဟွာ)

ဒါကာ ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

ရွှေ့ပြောင်းနေထိုင်သွားလာခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း(IMO) မှ အောက်တိုဘာ ၂၉ ရက်၌ ထုတ်ပြန်ခဲ့သည့်ကြေညာချက် တွင် တရားမဝင်ရွှေ့ပြောင်းနေထိုင်သည့်လူပေါင်း ၂၀၀ ကျော် စီးနင်းလိုက်ပါခဲ့သည့် လှေသည် လတ်တလောရက်ပိုင်းတွင် ဆီနီဂေါပင်လယ်ပြင်တွင် နှစ်မြုပ်သွားခဲ့ပြီး ယင်းလှေပေါ်ရှိ လူပေါင်း ၁၄၀ ကျော် ရေနစ်သေဆုံးခဲ့ကြောင်း ၊ ယင်းဖြစ်စဉ်မှာ ယခုနှစ်အတွင်း အဆိုးရွားဆုံးသော တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ လှေတိမ်း မှောက်မှုဖြစ်စဉ်ဖြစ်ကြောင်း သိရှိရသည်။

IOM မှ ထုတ်ပြန်ခဲ့သည့် စာရင်းပြုစုချက်အရ ယခုနှစ် စက်တင်ဘာလ တစ်လတည်းတွင် စက်လှေ ၁၄ စင်းဖြင့် လူပေါင်း ၆၆၀ ကျော် က ဆီနီဂေါ မှ တစ်ဆင့် ကနေရီ ကျွန်းစုကို သွားရောက်ခဲ့ကြောင်း ၊ ၎င်းတို့အနက် ၂၆ ရာခိုင်နှုန်းသောလှေတို့က ပင်လယ်ပြင်တွင် မတော်တဆမှုဖြစ်ပွားခဲ့ပြီး နှစ်မြုပ်ခဲ့ကြကြောင်း ၊ ယခုနှစ်တွင် အနည်းဆုံးလူပေါင်း ၄၁၄ ဦး ကနေရီ ကျွန်းစုသို့ တရားမဝင် သွားရောက်စဉ်အတွင်းသေဆုံးခဲ့ကြောင်း သိရှိရသည်။

ကနေရီ ကျွန်းစုသည် အာဖရိကတိုက် အနောက်မြောက်ပိုင်းတွင်တည်ရှိပြီး အာဖရိကတိုက် ကမ်းရိုးတန်း နှင့် ကီလိုမီတာ ၁၃၀ ခန့်ကွာဝေးကြောင်း ၊ အာဖရိကတိုက်အနောက်ပိုင်းဒေသရှိ လူများက အလွယ်တကူပြုလုပ်ထားသည့် လှေများဖြင့် မော်ရီတေးနီးယား ၊ ဆီနီဂေါ နှင့် ဂမ်ဘီယာ နိုင်ငံ တို့မှ ကနေရီကျွန်းစု သို့သွားရောက်လေ့ရှိပြီး လုပ်ခလစာများပြားသည့်အလုပ်များ ရရှိနိုင်ရန်သွားရောက်လေ့ရှိကြောင်း သိရှိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.