Connect with us

Politics, Law & Military

၂၀၂၀ ပြည့်နှစ် တွင် ၁၀ လအတွင်း YBS ယာဉ်များအားအရေးယူမှုပေါင်း ၆၀၀၀ ကျော်ရှိကြောင်းဆို

YBS ပေါ်မှ ဆင်းလာသည့်ခရီးသည်များအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၂၈ ရက်အထိ ၁၀ လအတွင်း YBS ယာဉ်များအားအရေးယူမှုပေါင်း ၆၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) မှ အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ဆင်ဟွာသို့ အောက်တိုဘာ ၃၁ ရက်တွင်ပြောသည်။

“ပြစ်မှုအမျိုးအစားအလိုက် စည်းကမ်းဖောက်မှုတွေကို အရေးယူတာတွေ ရှိပါတယ်။ သတ်မှတ်ထားတဲ့ အချက်ပေါင်း ၃၈ ခုလောက်ရှိပါတယ်။ အဲဒီပေါ်မူတည်ပြီး အရေးယူတာတွေရှိပါတယ်။ အဲဒီမှာ အရေးယူမှု တွေနဲ့ပတ်သက်ပြီး ဘယ်ဟာတွေကို အရေးယူမယ်ဆိုတဲ့ အသေးစိတ်အချက်တွေပါပါတယ်’’ ဟု ၎င်းကရှင်းပြသည်။
မှတ်တိုင်တွင် စနစ်တကျမရပ်ခြင်း ပြစ်မှုသည်အများဆုံးဖြစ်ကြောင်း၊ ဖုန်းနံပါတ် မတပ်ခြင်း၊ ယာဉ်စီးခ ပိုတောင်းယူခြင်း စသည့်အချက်များသည် ဒုတိယတိုင်ကြားမှုအများဆုံးဖြစ်ကြောင်း ၎င်းကဆိုသည်။

“YBS က ပြည်သူလူထုကိုဘေးကင်းလုံခြုံပြီးဝန်ဆောင်မှုကောင်းတဲ့ ဘတ်စ်ကားစနစ်ပေါ်ထွန်းရေးက အဓိကရည်ရွယ်ချက်ပါ။ ဒီရည်ရွယ်ချက်ကိုရရှိဖို့ နည်းလမ်းပေါင်းစုံနဲ့  ကျွန်တော်တို့ ကြိုးစားဆောင်ရွက်နေပါတယ်။ အခုတော့ နည်းပညာကို အဓိကအားကိုးပြီး နည်းပညာနဲ့ ဆောင်ရွက်ဖို့ ကြိုးစားနေပါတယ်။ နည်းပညာပိုင်းနဲ့ သေချာထိန်းချုပ်ဖို့၊ စည်းကမ်းလိုက်နာဖို့ တွေအပါအဝင် ဝန်ဆောင်မှုတွေကိုလည်း အကောင်းဆုံးပေးနိုင်ဖို့ကြိုးစားဆောင်ရွက်နေပါတယ်’’ ဟု ဒေါက်တာမောင်အောင်က ဆက်ပြောသည်။

ယခုနှစ်အတွင်း ချလန်ဖြတ်ဖမ်းဆီးအရေးယူမှုအနေဖြင့် ၄၃၀၀ ကျော်ရှိခဲ့ကြောင်း၊ နယ်မြေဖြတ်ကျော် အရေးယူမှုပေါင်း ၃၀ ကျော်ရှိခဲ့ကြောင်နှင့် Complaint Center မှ တစ်ဆင့်တိုင်ကြားမှုပေါင်း ၂၀၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

အောက်တိုဘာ ၃၀ရက်တွင်  YBS ယာဉ်လိုင်း (၉၅) လိုင်းမှ မော်တော်ယာဉ်စီးရေ (၂,၁၃၁) စီးဖြင့် ခရီးသည် (၂၇၁,၇၉၀) ဦးကို သယ်ယူပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117