ပေကျင်း၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မသန်စွမ်းသူများ အကျိုးစီးပွား နှင့် အခွင့်အရေးအားကာကွယ်ရန် နှစ်ပေါင်း ၇၀ အတွင်း တိုင်းပြည်၏ ကြိုးစားအားထုတ်မှုတစ်ခုနှင့််ပတ်သက်၍ အစီရင်ခံစာ စက္ကူဖြူစာတမ်းကို တရုတ်နိုင်ငံက ဇူလိုင်ဇူလိုင် ၂၅ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဆိုးလ်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) မြောက်ကိုရီးယားနိုင်ငံက အမျိုးအမည်မသိကျည်ဖူး ၂ ခုအား ဇူလိုင်လ ၂၅ ရက်နံနက်အစောပိုင်းက အရှေ့ဘက်ပင်လယ်ပြင်အတွင်းသို့ ပစ်လွှတ်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက်(ဆင်ဟွာ) အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(Corruption Prevention Unit – CPU)များကို ယခုနှစ် ဇန်နဝါရီလမှ စတင်၍ ပြည်ထောင်စု ဝန်ကြီးဌာန ၁၄ ခုတွင် ရှေ့ပြေးစီမံချက်ဖြင့် စတင်ဖွဲ့စည်းခဲ့ရာ မိမိတို့၏ စိတ်ဆန္ဒအလျောက် ထပ်မံဖွဲ့စည်းလာသည့် ပြည်ထောင်စု ဝန်ကြီးဌာနများ ရှိလာသဖြင့် ယခုအခါ...
ရန်ကုန် ၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) နိုင်ငံတစ်ဝန်းတွင် ရာသီတုပ်ကွေး H1N1 ရောဂါကြောင့် ၂၀၀၉ ခုနှစ် ဇူလိုင်လ ၂၄ရက်အထိ သေဆုံးသူ ၇၁ ဦးထိရှိလာကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
ရန်ကုန် ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ ချင်းလျားကျေးရွာအနီး၊ ကွင်း အမှတ် (၂၂)ရှိ ဇီးတောဆည်(ဆားတောင်ဆည်) အတွင်း ယနေ့ နံနက်ပိုင်းတွင် စက်လှေ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ရာ စက်လှေပေါ် လိုက်ပါလာသူများ အနက် လူ ၈ ဦး သေဆုံး...
အန်ကာရာ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ပိုလန်နိုင်ငံ၊ ရုရှားနိုင်ငံ နှင့် နော်ဝေနိုင်ငံတို့မှ ကမ္ဘာလှည့် ခရီးသည်များတင်ဆောင်လာသော ဘတ်စ်ကားတစ်စီးသည် ဇူလိုင်လ ၂၃ ရက်၌ တူရကီနိုင်ငံ၊ အန်တာလျာပြည်နယ် မြေထဲပင်လယ်ကမ်းရိုးတန်းအနီးတွင် ဘီးချော် မှုဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။...
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးအနေဖြင့် GDP ၉ ရာခိုင်နှုန်းထိ တိုးတက်ရန် မျှော်လင့်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယနေ့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင် ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အော့တဝါ၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ကနေဒါနိုင်ငံ Saint-Eustache ဒေသတွင် ဇူလိုင်လ ၂၃ ရက် နံနက်က မော်တော်ကား ၃စီး တိုက်မိမှုဖြစ်ပွားခဲ့ရာ နောက် ကျောင်းဘတ်စ်ကား၂ စီးမီးလောင်ခဲ့ပြီး စုစုပေါင်း လူ ၆၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အများစုမှာ ကလေးများဖြစ်ကြောင်း CBC...
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် စက်လှေတစ်စီး တိမ်းမှောက်ပြီး လူ ၃၉ ဦးပျောက်ဆုံးရာမှ ယနေ့ နံနက်ပိုင်းတွင် လူ ၄ဦး သေဆုံးလျက်ပြန်တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ မဘိမ်းမြို့နယ်တွင် ဒေသ ကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၂၂,၉၉၆ သိန်း တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများဖမ်းဆီးရမိခဲ့ကြောင်းမူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့က ယနေ့ သတင်းထုတ်ပြန်သည်။