ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) မွန်ပြည်နယ် ပေါင်မြို့နယ်၊ မုတ္တမ-သဲဖြူကုန်းကျေးရွာအုပ်စု၌ မိုးသည်းထန်စွာရွာသွန်း၍ မလတ်တောင်ပြိုကျမှုကြောင့် သေဆုံးသူ ၆၉ ဦးရှိပြီး ရှာဖွေကယ်ဆယ်ရေး ဆက်လက်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနထံမှ သိရသည်။
ဘန်ကောက်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ခရီးသွားလုပ်ငန်းနှင့် စီးပွားရေး မြှင့်တင်ရန် အစီအစဉ်အရ လမ်းဘေးအစားအစာ အရည်အသွေး မြှင့်တင်ရန် သြဂုတ်လ ၁၆ ရက်က သန္နိဋ္ဌာန်ချလိုက်ကြောင်း သိရသည်။
ပေကျင်း၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ်ကာတွန်းရုပ်ရှင် “Ne Zha”သည် စတင်ပြသသည့်အချိန်မှ ၂၁ ရက်အတွင်း ရုံဝင်စာရင်းအရ ဝင်ငွေစုစုပေါင်း ယွမ်၃.၈၂ ဘီလီယံ(အမေရိကန်ဒေါ်လာ ၅၄၂သန်း)ရရှိကာ ထိပ်တန်း၌ဆက်လက်ရပ်တည်ခဲ့ကြောင်း တရုတ်ရုပ်ရှင်သတင်းအချက်အလက်ကွန်ယက်က သြဂုတ်၁၅ရက်တွင်ပြောသည်။
ဂျကာတာ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) တရုတ် သုတေသနနှင့် တည်ဆောက်ရေးအဖွဲ့အစည်းနှင့် အင်ဒိုနီးရှားနိုင်ငံအဖွဲ့အစည်းတို့က အင်ဒိုနီးရှားနိုင်ငံရှိ နေရာများစွာ၌ ငလျင်ကြိုတင်သတိပေးစနစ် (EEWS) အား တပ်ဆင်ရန် ပူးတွဲတည်ဆောက်ရေးစီမံကိန်းအား သြဂုတ် ၁၅ ရက်တွင် ကြေညာလိုက်ပြီး ယင်း စီမံကိန်းက လက်ရှိတွင် ဆူနာမီသတိပေးစနစ်ကိုသာ လုပ်ဆောင်ပေးနေသည့် စနစ်အား...
မော်စကို၊ သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ) ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတပ်ဖွဲ့များက မော်စကိုမြို့ပေါ်သို့ လေကြောင်းမှကြဲချခဲ့သောဗုံး တစ်လုံးအား ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာတူးဖေါ်ရှာဖွေမှုတစ်ရပ် ပြုလုပ်နေစဉ်အတွင်း ကရင်မလင် နန်းတော်မှဖယ်ရှားခဲ့ကြောင်း ကရင်မလင်တပ်မှူးချုုပ် ဆာဂျီခလက်နီကော့ဗ်(Sergei Khlebnikov) က သြဂုတ်လ ၁၅ ရက်ကပြောခဲ့သည်။
နေပြည်တော်၊ သြဂုတ် ၁၆ ရက်(ဆင်ဟွာ) မြန်မာရွှေ့ပြောင်းလုပ်သားများသည် ကျောင်းနှင့် တက္ကသိုလ်များမှ ရရှိသည့် သင်ခန်းစာများနှင့်သာ ရောင့်ရဲတင်းတိမ် မနေသင့်ဘဲ ဆင့်ပွားသင်ယူမှုများ၊ သက်မွေးမှု အတတ်ပညာများ လေ့လာ သင်ယူ ကြဖို့ လိုအပ်သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က...
ရန်ကုန်၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ရှမ်းပြည်နယ်၊ လားရှိုးမြို့နယ် ပုန်းထွန်ကျေးရွာနှင့် နောင်ကွဲကျေးရွာအကြား၌ သြဂုတ်လ၁၅ရက် နံနက် ၁၀နာရီခွဲခန့်က ဘုရားဖူးယာဉ်တစ်စီး အရှိန်လွန်တိမ်းမှောက်၍ တစ်ဦးသေဆုံး ပြီး ရှစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။
တီဟီရန် ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) ဗြိတိန် နိုင်ငံ က သြဂုတ်လ ၁၅ ရက် ၌ အီရန် နိုင်ငံ ၏ ရေနံတင် သင်္ဘော အား ပြန်လည် လွှတ်ပေးရန် ဆုံးဖြတ်ခဲ့ပြီး နောက်တွင် အီရန် နိုင်ငံခြားရေး ဝန်ကြီး...
နယူးဒေလီ၊ သြဂုတ် ၁၆ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံအနေဖြင့် ကြည်း၊ရေ၊လေတပ်မတော် ၃ခု ခေတ်မီတိုးတက်စေရန် နှင့် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှုများဆောင်ရွက်ရန် ဗဟိုကာကွယ်ရေးဦးစီးရုံး (CDS) ကို မကြာမီတည်ထောင်မည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) က သြဂုတ် ၁၅ရက် လွတ်လပ်ရေးနေ့တွင် မိန့်ခွန်းပြောကြားခဲ့သည်။
ဘန်ကောက် ၊သြဂုတ်လ ၁၆ ရက်(ဆင်ဟွာ) လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် အရ ထိုင်းနိုင်ငံမှတရုတ်နိုင်ငံသို့ မင်းကွတ်သီးများတင်ပို့ မှုက အများအပြားတိုးတက်လာခဲ့ကြောင်းဖြင့်အဆင့်မြင့်အစိုးရအရာရှိတစ်ဦး က သြဂုတ်လ ၁၅ ရက် တွင်ပြောကြားခဲ့သည်။