မွမ်ဘိုင်း၊ မတ် ၂၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမှ ၈၅ ကီလိုမီတာအကွာ အာနာလာကမ်းခြေတွင် မတ်လ ၂၁ ရက်က နွေဦးရောင်စုံနွေဦးပွဲတော်-ဟိုလီ (Holi) ကျင်းပပြီးနောက် လူ ၅ ဦး ရေနစ်သေဆုံးခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ မတ် ၂၂ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့၌ မတ် ၂၁ ရက်က ယာဉ်တိမ်းမှောက်မှုကြောင့် လူ ၁ဦးသေ၊ ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး ၊ လှိုင်သာယာ မြို့နယ် အတွင်းရှိ ညောင်ကျေးရွာ၌ မတ် ၂၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ရာ ကျူးကျော်တဲ ၈၀ လုံးခန့်မီးလောင်ဆုံးရှုံးခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု အရ သိရသည်။
နေုပြည်တော်၊ မတ်လ ၂၂ ရက်(ဆင်ဟွာ) အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs:_ Micro, Small and Medium Enterprises) ၏ နိုင်ငံတော်အဆင့် ထုတ်ကုန် ပြပွဲ ပြိုင်ပွဲများကို နေပြည်တော် MICC II တွင် မတ်လ ၂၂...
ဘဂ္ဂဒတ်၊ မတ် ၂၂ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံ မြောက်ပိုင်း မိုဆူးလ်မြို့ Tigris မြစ်အတွင်း မတ်လ ၂၂ ရက်က လှေနစ်မြုပ်မှုကြောင့် လူ ၉၃ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ မတ် ၂၂ ရက်(ဆင်ဟွာ) ၁၉၆၇ ခုနှစ်တွင် ဆီးရီးယားတို့ထံမှ သိမ်းယူခဲ့သော ဂိုလန်ကုန်းမြင့်ကို အစ္စရေး၏ အချုပ်အခြာ အာဏာ ပိုင်နက် အဖြစ် အမေရိကန် နိုင်ငံက အသိအမှတ်ပြုရန် အချိန် တန်ပြီဟု အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က မတ် ၂၁...
ရောမ ၊ မတ် ၂၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် သည် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု နှင့် ခေတ်သစ်ဆက်ဆံရေးတစ်ခုအဖြစ် အီတလီနိုင်ငံသို့မတ် ၂၁ ရက်တွင် နိုင်ငံတော်အလည်အပတ်ခရီးစဉ်အဖြစ် ရောက်ရှိလာခဲ့သည်။
နေပြည်တော်၊ မတ်လ ၂၁ ရက်(ဆင်ဟွာ) နေပြည်တော်၊ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟို (NRPC) ဌာနတွင် ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သော NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့နှင့် အစိုးရအဖွဲ့တို့တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိခဲ့သည့် သဘောထား စုစည်းမှု...
ရန်ကုန်၊ မတ် ၂၁ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ် တွင် မော်တော်ယာဉ်တိမ်းမှောက်၍ ကလေး ၁ ဦးသေ၊ ၁၀ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှယနေ့ သတင်းထုတ်ပြန်သည်။
ဟောင်ကောင်၊ မတ် ၂၁ (ဆင်ဟွာ) ဗန်နာတုနိုင်ငံ လူဂန်ဗေးလ်မြို့(Luganville)၏ အရှေ့တောင်အရှေ့ ၄၈ ကီလိုမီတာအကွာတွင် မတ် ၂၀ ရက်က အင်အား ၆.၂ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒ(USGS)က ပြောကြားသည်။