Connect with us

MYANMAR

COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်းအခုရေ ၆၀,၀၀၀ ပေးအပ်လှူဒါန်း

ယူနန်ပြည်နယ် ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး၌ကျင်းပသော မြန်မာနိုင်ငံသို့ နှာခေါင်းစည်းများ ပေးအပ်လှူဒါန်းပွဲအား တွေ့ရစဉ်(MOI)

ရန်ကုန်၊ မတ် ၂၄ ရက် (ဆင်ဟွာ)

COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် ယူနန်ပြည်နယ်မှ မြန်မာနိုင်ငံသို့ နှာခေါင်းစည်းအခုရေ ၆၀,၀၀၀ ပေးအပ်လှူဒါန်းခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ  နှာခေါင်းစည်း ၆၀၀၀၀ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို မတ် ၂၃ ရက် နံနက် ၁၀ နာရီတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကောင်စစ်ဝန်ချုပ်ရုံး၌ကျင်းပရာ ယူနန်ပြည်နယ်ကိုယ်စား ပြည်နယ်ပြည်သူ့အစိုးရ နိုင်ငံခြားရေးရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် Mr. Hao Kun က လွှဲပြောင်း ပေးအပ်ပြီး ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က လက်ခံရယူခဲ့ကြောင်း သိရသည်။

 ရန်ကုန်တိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ်တို့အကြား ချစ်ကြည်ရေးဆက်ဆံမှု တည်ထောင်ထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီးသို့ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးနှင့် ယူနန်ပြည်နယ် တို့အကြား မြန်မာ့စီးပွားရေးစင်္ကြံ ပူးတွဲတည်ထောင်ရေး မူဘောင်အောက်မှ ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာရေးထိုး ထားခြင်းကြောင့် နှာခေါင်းစည်း ၁၄,၀၀၀ ကို မန္တလေးတိုင်းဒေသကြီးသို့လည်းကောင်း၊ ကျန်နှာခေါင်းစည်း ၃၂,၀၀၀ ကို မြန်မာနိုင်ငံ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် လိုအပ်သည့်ဒေသများသို့ ဖြန့်ဝေပေးရန် အတွက်လည်းကောင်း လှူဒါန်းခြင်းဖြစ်ကြောင်း ဒုတ်ယညွှန်ကြားရေးမှူးချုပ် Mr.Hao Kun က ပြောကြားသည်။ ထို့နောက် ကောင်စစ်ဝန်ချုပ် ဦးထွန်းအောင်ကျော်က ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ် တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။အဆိုပါ နှာခေါင်းစည်း ၆၀၀၀၀ အား ယနေ့တွင် ယူနန်ပြည်နယ်ကူမင်းမြို့မှ ရန်ကုန်မြို့သို့ လေကြောင်းဖြင့် ပို့ဆောင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117