Connect with us

WORLD

တရုတ်နိုင်ငံမှ ထောက်ပံ့ပေးပို့သော COVID-19 ရောဂါစမ်းသပ်ကိရိယာများ အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိ

အင်ဒိုနီးရှားနိုင်ငံရှိ လူနေရပ်ကွက်တစ်ခုအတွင်း ပိုးသတ်ဆေးဖျန်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ မတ် ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ထောက်ပံ့ပေးပို့သော COVID-19 ရောဂါစမ်းသပ်ကိရိယာ ၈၀၀,၀၀၀ ပါဝင်သည့် ဆေးဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများသည် အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာသို့ မတ် ၂၃ ရက်တွင် ရောက်ရှိလာခဲ့ကြောင်း ရှမန်လေကြောင်းက ပြောကြားခဲ့သည်။

ဆေးဘက်ဆိုင်ရာသုံး လက်အိတ် အမြောက်အများနှင့် ကူးစက်ရောဂါကာကွယ်ရေး အထောက်အကူပစ္စည်း ၁၇ တန် ပါဝင်သော ကုန်ပစ္စည်းများမှာ ဂျကာတာ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၂၃ ရက် အစောပိုင်းက ရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ရှမန်လေကြောင်းလိုင်း ဂျကာတာရုံးက ပြောခဲ့သည်။လွန်ခဲ့သောနှစ်ရက်အကြာက အင်ဒိုနီးရှားအစိုးရ၏ တောင်းဆိုမှုအား လက်ခံရရှိပြီးနောက် ရှမန်လေကြောင်း ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံရှိ ဆက်စပ်အဖွဲ့များနှင့် ချက်ချင်းချိတ်ဆက်ဆောင်ရွက်ခဲ့ပြီး အချိန် ၄၈ နာရီအတွင်း ကုန်ပစ္စည်းများအား ပြင်ဆင်ကာ ဘေးကင်းစွာဖြင့် သယ်ယူပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုလို ဆောင်ရွက်ချက်သည် COVID-19 ဖြစ်ပွားပြီးနောက် လေကြောင်းလိုင်း၏ ပထမဆုံး အပြည်ပြည်ဆိုင်ရာ ကုန်ပစ္စည်းသယ်ယူပို့ဆောင်မှုဖြစ်ကြောင်း လေကြောင်းလိုင်းက ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံတွင် လွန်ခဲ့သည့် ရက်သတ္တပတ်သုံးပတ်အကြာက ပထမဆုံး COVID-19 အတည်ပြုလူနာ တွေ့ရှိခဲ့ကြောင်းနှင့် မတ် ၂၂ ရက်အထိ စုစုပေါင်း COVID-19 ဖြစ်ပွားသူ ၅၁၄ ဦးအထိ မြင့်တက်ခဲ့ပြီး သေဆုံးသူ ၄၈ ဦးရှိကြောင်း သိရသည်။ဂျကာတာ အုပ်ချုပ်ရေးမှူး အန်နီးစ် ဘတ်စ်ဝီဒန် (Anies Baswedan) က အင်ဒိုနီးရှားနိုင်ငံတွင် COVID-19 ဖြစ်ပွားရာဗဟိုချက်ဖြစ်သော ဂျကာတာမြို့၌ လာမည့်သီတင်းပတ် နှစ်ပတ်အထိ နိုင်ငံအဆင့်အရေးပေါ်အခြေအနေအဖြစ် မတ် ၂၀ ရက်တွင် စတင်ကြေညာခဲ့ကြောင်း သိရသည်။  (Xinhua) 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117