နေပြည်တော်၊ မတ်လ ၁၀ ရက်(ဆင်ဟွာ) နေပြည်တော်၊ NRPC ၌ မတ်လ ၁၂ ရက်တွင် ပြုလုပ်မည့် (၁၈)ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC:- Union Peace Dialogue Joint Committee) အစည်းအဝေးသို့ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အမျိုးသား...
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှှီကျင့်ဖိန်သည် မတ် ၁၀ ရက်တွင် COVID-19 ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေး စစ်ဆေးမှုအတွက် ဟူပေပြည်နယ် ဝူဟန့်မြို့၊ ဟောဆန်ဆန်းဆေးရုံသို့ သွားရောက်စစ်ဆေးပြီးနောက် ၎င်းမြို့ရှိရပ်ကွက်တစ်ခုအတွင်း နေအိမ်၌ စောင့်ကြပ်ကြည့်ရှုခြင်းဖြင့် နေထိုင်ရသော ဒေသခံများထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
ဘန်ကောက် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါကူးစက်ပြန့်ပွားမည်ကို စိုးရိမ်သဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကမ္ဘာလှည့်ခရီးသွားများ အဓိက လာရောက်သည့် နေရာများတွင် မူလက ဧပြီလလယ်တွင် ကျင်းပရန် စီစဉ် ထားသော နာမည်ကျော် ဆွန်ခရန်(Songkran)ရေကစားပွဲတော်ကို ကျင်းပတော့မည်ဟုတ်ကြောင်း အစိုးရ အဆင့်မြင့် အရာရှိ တစ်ဦးက...
ဂျီနီဗာ၊ မတ် ၁၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါသည် နိုင်ငံအမြောက်အမြားတွင် ဖြစ်ပွားလျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါ အန္တရာယ်အသွင် ပေါ်လွင်လာပြီဖြစ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့(WHO) ညွှန်ကြားရေးမှူးချုပ် တက်ဒရော့စ် အက်ဒမ်နွမ် ဂယ်ဘရက်စ်စက် (Tedros Adhanom Ghebreyesus)က မတ် ၉ ရက် တွင် ပြောကြားခဲ့သည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) အများဆုံးဖြစ်ပွားရာ ဝူဟန့်မြို့တွင် COVID-19 လူနာအရေအတွက် ဆက်တိုက်လျော့ကျလာသဖြင့် မတ် ၉ ရက်၌ အများပြည်သူအသုံးပြုသော အဆောက်အအုံမှ ယာယီဆေးရုံအဖြစ် ပြောင်းလဲထားသည့် နောက်ထပ်ဆေးရုံတစ်ရုံကို ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ မတ် ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 ဖြစ်ပွားရာ ဟူပေပြည်နယ်၊ ဝူဟန့်မြို့သို့ ယနေ့ (မတ် ၁၀ ရက်) ရောက်ရှိလာပြီးနောက် ဟောဆန်ဆန်းဆေးရုံသို့ ချက်ချင်းသွားရောက် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ မတ် ၁၀ ရက်(ဆင်ဟွာ) မတ် ၉ ရက် အမေရိကန်နိုင်ငံ အရှေ့ပိုင်း စံတော်ချိန်(ET) ၂၀ နာရီခန့်အထိ အမေရိကန်နိုင်ငံ တစ်ဝှမ်းတွင် COVID-19 ရောဂါဖြစ်ပွားသူ ၆၀၅ ဦး ရှိပြီး သေဆုံး သူ ၂၂ ဦးရှိကြောင်း Johns Hopkins တက္ကသိုလ်၏...
ပေကျင်း ၊ မတ် ၁၀ ရက်(ဆင်ဟွာ) ကမာ္ဘ့ကျန်းမာရေးအဖွဲ့ချုပ်(WHO) သို့ ပေးအပ်လှူဒါန်းမည့် တရုတ်နိုင်ငံ၏ အလှူငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ ကို ကမာ္ဘလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးတွင် ထောက်ခံအားပေးရန် နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၌ ပြည်သူ့ကျန်းမာရေးစနစ်တည်ဆောက်ရာတွင် အသုံးပြုသွားရန်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang...
ဝူဟန့်၊မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်အဓိကကူးစက်မှုဖြစ်ပွားရာ ဟူပေပြည်နယ်တွင် မတ် ၉ ရက်က ရောဂါဖြစ်ပွားသူအသစ် ၁၇ ဦး နှင့် သေဆုံးသူ ၁၇ ဦးရှိကြောင်း ပြည်နယ်ကျန်းမာရေးကော်မရှင်က ယနေ့မတ် ၁၀ ရက်တွင်ပြောကြားခဲ့သည်။
ဝူဟန့် ၊ မတ် ၁၀ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့မတ် ၁၀ ရက်တွင် COVID-19 ကူးစက်ရောဂါ အဓိကဖြစ်ပွားရာ ဝူဟန့်မြို့သို့သွားရောက်၍ ဟူပေပြည်နယ် နှင့် ယင်း၏မြို့တော် ဝူဟန့်မြို့တို့၌ ရောဂါကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ဆိုင်ရာ ဆောင်ရွက်ချက်များအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။