ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ရွှေ့ပြောင်းအလုပ်သမားများ မြဝတီ၊ ကော့သောင်းနှင့် တာချီလိတ်မြို့များတွင် နေ့စဉ်ဝင်ရောက်မှုများ ရှိနေကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ) ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (National People’s Congress= NPC) ၏ ဒုတိယနှစ်ပတ်လည် အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် မတ်လ ၅ ရက် နံနက်ပိုင်းတွင် ဖွင့်လှစ်လိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဉာဏပစ္စည်းမူပိုင်ခွင့်(IP) အကာအကွယ်ပေးရေးကို နိုင်ငံအနှံ့တွင် တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဉာဏမူပိုင်ခွင့်ချိုးဖောက်မှုများအတွက် နစ်နာမှုဒဏ်ကြေးငွေပေးဆောင်ရေး စနစ်တစ်ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ၎င်းတို့၏ စက်မှုကုန်ထုတ်ပစ္စည်းများအတွက် တီထွင်ဆန်းသစ်မှု နှင့် ဖန်တီးမှုများအတွက် အဆင့်မြှင့်တင်ခြင်းတို့ကို တွန်းအားပေးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အစိုးရအလုပ်အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ မတ် ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန်ကုန်သွယ်ရေးဆွေးနွေးမှုများ အဆင့်မြှင့်တင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မတ် ၄ ရက်တွင် ကျင်းပခဲ့သည့် တရုတ်နိုင်ငံ၏ အမျိုးသား ဥပဒေပြုရေးနှင့် ထိပ်တန်း နိုင်ငံရေးအကြံပေးအဖွဲ့ဝင်များနှစ်ပတ်လည် ပုံမှန်အစည်းအဝေး မတိုင်မီ ထုတ်ပြန်သော အစိုးရအလုပ်အစီရင်ခံစာတစ်စောင်၏ ဖော်ပြချက် အရ သိရသည်။
ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ) ကလေး- ရန်ကုန် ပြေးဆွဲနေသော High Class ခရီးသည်တင်ယာဉ် သည် ယနေ့ (မတ်လ၅ ရက်) နံနက်၆ နာရီအချိန်ခန့်က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်တွင် တိမ်းမှောက်ပြီး လူ ၈ဦးသေဆုံးကာ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ...
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မီဒီယာ သည် တရုတ်ဘက်က မြန်မာနိုင်ငံပြည်တွင်း မှာ “Safe Zone’’ ဟူသည်ကို ထူထောင်ရန် သဘောတူသည်ဟူသော သတင်းထုတ်ပြန်ချက်ကို မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးသည် သိရှိခဲ့ကြောင်း၊ ၎င်းသတင်းထုတ်ပြန်ချက် သည် အခြေအမြစ်လုံးဝ မရှိကြောင်း မြန်မာနိုင်ငံနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ...
ဖနွမ်းပင် ၊ မတ် ၄ ရက် (ဆင်ဟွာ) အကြမ်းဖက်မှုတိုက်ဖျက်ရေး နှင့် နိုင်ငံဖြတ်ကျော်မှုခင်းများတွင် ကမ္ဘောဒီးယားနှင့် စင်ကာပူနှစ်နိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် မတ်လ ၄ ရက်တွင် သံန္နိဋ္ဌာန်ချခဲ့ကြောင်း ကမ္ဘောဒီးယားနိုင်ငံမှ ပြောရေးဆိုခွင့်ရှိသူကပြောသည်။
နိုင်ရိုဘီ၊ မတ် ၄ ရက်(ဆင်ဟွာ) ကင်ညာနိုင်ငံ အနောက်မြောက်ပိုင်း Turkana ကောင်တီတွင် မတ်လ ၃ ရက် ညပိုင်းက ရဟတ်ယာဉ်တစ်စီးပျက်ကျခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က မတ်လ ၄ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
နေပြည်တော်၊ မတ်လ ၄ ရက်(ဆင်ဟွာ) ၂၀၁၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ သုံးနှစ်အတွင်း မူးယစ်ဆေးဝါးအမှုပေါင်း ၃၁,၃၀၀ ကျော်ကို ဖမ်းဆီး ရမိခဲ့သည်ဟု ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် အောင်သူက ယနေ့ ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၄ ရက် (ဆင်ဟွာ) ဧရာဝတီတိုင်းဒေသကြီး တွင် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အတွင်းဖြေ ၆၈,၆၁၄ ဦး၊ အပြင်ဖြေ ၂၆,၃၂၆ ဦး၊ စုစုပေါင်း ၉၄,၉၄၀ ဦးတို့ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ် ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။