Connect with us

Asia

မြောက်ကိုရီးယားထိပ်တန်းခေါင်းဆောင်က တာဝေးပစ်အမြှောက်စမ်းသပ် ပစ်လွှတ်မှုအား ကြည့်ရှု

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က ၂၀၁၉ ခုနှစ် ဩဂုတ် ၂၅ ရက်တွင် တာဝေးပစ်ဒုံးကျည် ပစ်လွှတ်မှုနေရာအား သွားရောက်ကြည့်ရှုစဉ်(ဆင်ဟွာ)

 

ပြုံယမ်း ၊ မတ် ၃ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က မတ် ၂ ရက်တွင် တာဝေးပစ် အမြှောက်စမ်းသပ်ပစ်လွှတ်မှုနေရာသို့ သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ယနေ့ မတ် ၃ ရက်တွင် သတင်းဖော်ပြခဲ့သည်။

ကင်သည် စောင့်ကြည့်မှုသတ်မှတ်နေရာမှနေ၍ ပစ်ခတ်လေ့ကျင့်ရေးအစီရင်ခံစာကို ရယူဖတ်ရှုပြီးနောက်တွင် လမ်းညွှန်ချက်ပေးခဲ့ကြောင်း သတင်း၌ ဖော်ပြထားသည်။“ သူက စတင်ပစ်ခတ်ဖို့ တပ်ဖွဲ့ကို အမိန့်ပေးလိုက်တယ်၊ တာဝေးပစ် လက်နက်ကြီးရှေ့မှာရပ်နေတဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ချက်ချင်းဆိုသလို စပစ်တော့တာပါပဲ” ဟု သတင်းကဆိုသည်။

တာဝေးပစ် အမြှောက်အသုံးပြု၍ မတ် ၂ ရက်တွင် မည်သို့သော စမ်းသပ် ပစ်ခတ်မှုမျိုး လုပ်ဆောင်ခဲ့သည်ကို သတင်းတွင် ဖော်ပြထားခြင်းမရှိပေ။ သို့သော် တောင်ကိုရီးယားနိုင်ငံ စစ်ဘက်ဆိုင်ရာ၏ မတ်လ ၂ ရက် ထုတ်ပြန်ချက်တစ်စောင်တွင်မူ မြောက်ကိုရီးယားနိုင်ငံအရှေ့ဘက်ကမ်းရိုးတမ်း Wonsan မှနေ၍ ဒုံးကျည်နှစ်စင်း ပစ်လွှတ်ခဲ့ကြောင်း ၊ ယင်းမှာ ယခုနှစ်အတွက် ပထမဆုံး ပစ်လွှတ်မှုဖြစ်ကြောင်း ဖော်ပြထားသည်။ မြောက်ကိုရီးယားနိုင်ငံအရှေ့ဘက်ကမ်းခြေ၌ ၂၀၂၀ ပြည့်နှစ်အတွက် ပထမဆုံးသော ပူးတွဲတိုက်ခိုက်ရေး လေ့ကျင့်မှုအစီအစဉ်တစ်ခု ပြုလုပ်ပြီးနောက် ရက်အနည်းငယ်အကြာ မတ် ၂ ရက်တွင် မြောက်ကိုရီးယားနိုင်ငံက အဆိုပါ တာဝေးပစ်အမြှောက်စမ်းသပ်ပစ်လွှတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။(Xinhua)