Connect with us

Environment, Disasters & Accidents

အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် သစ်တောဧကပေါင်း ၁,၀၀၀ စိုက်ပျိုးရန်လျာထား

သစ်တောစိုက်ခင်းတစ်ခုအားတွေ့ရစဉ် (ဓာတ်ပုံ-- သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန)

ရန်ကုန်၊ မတ် ၃ ရက် (ဆင်ဟွာ) 

မြန်မာနိုင်ငံ အလယ်ပိုင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် တွင် သစ်တောဧကပေါင်း ၁,၀၀၀ စိုက်ပျိုးရန်လျာထားကြောင်း  သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ)၊ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးကျော်ဇော က ဆင်ဟွာကို မတ် ၃ ရက်တွင် ပြောကြားသည်။ 

ဦးကျောဇောက “အပူပိုင်းဒေသနဲ့ကိုက်ညီတဲ့ အပင်တွေ နဲ့ တောင်တန်းတွေမှာ ရေဝေရေလဲ တွေ ထိန်းသိမ်းတဲ့ အပင်မျိုးတွေရယ် အဓိက စိုက်ပျိုးတယ်။  တမာပင်၊ ယူကလစ်ပင်တို့ လို အပင်မျိုးတွေ ရာသီဥတုပူပြင်းခြောက်သွေ့ တဲ့ တိုင်းဒေသကြီး ၃ ခု မှာ ဒီစီမံကိန်း ကို လုပ်ဆောင်ပါတယ်။ စိမ်းစိုသစ်တောစိုက်ပျိုးခြင်းသာမကပါဘူး သဘာဝဝန်းကျင် ကိုလည်း ထိန်းသိမ်းခြင်းတွေ ဆောင်ရွက်ပါတယ်။’’ ဟုပြောသည်။       

တောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်လာစေရန် စီမံကိန်း အကောင်အထည်ဖော်ရာတွင်  စစ်ကိုင်းတိုင်းဒေသကြီ ၌ တောင်တန်း ၃ ခု၊ မကွေးတိုင်းဒေသကြီး၌ တောင်တန်း ၆ ခုနှင့် မန္တလေးတိုင်းဒေသကြီး၌ တောင်တန်း ၈ ခု၊ စုစုပေါင်း တောင်စဉ်တောင်တန်း ၁၇ ခုတို့တွင် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်း နှင့် သဘာဝတော ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်တွင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောများစိုက်ပျိုးရန် မန္တလေးတိုင်းဒေသကြီး တွင် လျာထားဧက ၃၀၀၊ မကွေးတိုင်းဒေသကြီးတွင် လျာထားဧက ၅၀၀၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် လျာထားဧက ၂၀၀ စိုက်ပျိုးရန်လျာထားကြောင်း သိရသည်။  (Xinhua)