တူးနစ် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) တူနီးရှားနိုင်ငံ တူးနစ်မြို့ မြို့လည်ခေါင်တွင် အောက်တိုဘာ ၂၉ ရက်က အသေခံ ဗုံးခွဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဒဏ်ရာရသူ အယောက် ၂၀ ရှိကြောင်း တူနီးရှားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန က ယင်းနေ့တွင် ပြောကြားခဲ့သည်။
မနီလာ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းအဓိကကျွန်းဖြစ်သော လူဇုံကျွန်းရှိ Isabela ပြည်နယ်အတွင်း အောက်တိုဘာလ ၃၀ ရက် နံနက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်း Yutu ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း ဖိလစ်ပိုင်နိုင်ငံ ကမ္ဘာ့လေထု၊ ဘူမိရူပဗေဒဆိုင်ရာနှင့် နက္ခတ်ဗေဒဆိုင်ရာလုပ်ငန်း အုပ်ချုပ်ရေး (PAGASA) က ပြောကြားလိုက်သည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် ကျပ်သိန်း(၆၀၀၀)ကျော်တန်ဖိုးရှိကျောက်မျက်ရတနာ ရွှေထည်ပစ္စည်းများ ကို ခိုးယူသွားသူအား ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ ယနေ့သတင်းထုတ်ပြန်သည်။
ရန်ကုန် ၊ အောက်တိုဘာ ၃၀ ရက်(ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီး အတွင်း တောရိုင်းတိရစ္ဆာန်ထွက် ပစ္စည်းများ ရောင်းဝယ် ဖောက်ကားခြင်းကို တရားဝင် တားမြစ်လိုက်မှုကို ကြိုဆိုသည့် အနေဖြင့် တောကောင်လေးတို့အတွက် ရင်တွင်း စကားသံ ပွဲတော်ကို ရန်ကုန်မြို့ရှိ မဟာ ဗန္ဓုလ ပန်းခြံ၌ နိုဝင်ဘာ ၂ ရက်တွင်...
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ရခိုင်ပြည်နယ်၊ ရန်ကုန် – စစ်တွေလမ်း (အမ်း – စစ်တွေ အပိုင်း)မိုင်တိုင်(၉၀)ရှိ ရာမောင်ကြိုးတံတားအား ယနေ့စတင်ပြီး အဆင့်မြှင့်တင် တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်၌ ဗုံးသီးဟောင်းပေါက်ကွဲ၍ အမျိုးသား ၅ ဦး ဒဏ်ရာရရှိမှုဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။
နေပြည်တော်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန လူမှုဖူလုံရေး အဖွဲ့သည် လူမှု ဖူလုံရေး စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ အကျုံးဝင် အာမခံ အလုပ် သမား ပေါင်း ၁ ဒသမ ၂၅...
ပေကျင်း၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် ရှန်ဟိုင်းမြို့တွင် နိုဝင်ဘာလ ၅ ရက်မှ ၁၀ ရက်အထိ ကျင်းပမည့် ပထမဆုံး တရုတ် နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) သု့ိ နိုင်ငံ ၁၈ နိုင်ငံမှ ခေါင်းဆောင်များ တက်ရောက်မည်ဖြစ်ကြောင်း...
ဝါရှင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံအတွင်းသို့ ရွှေ့ပြောင်းသွားလာသူများအုပ်စုလိုက်များပြားစွာ တရားမဝင် ဝင်ရောက်လာမှုကို တားဆီးရန်အတွက် ယခုရက်သတ္တပတ်တွင် အမေရိကန်-မက္ကဆီကို နယ်စပ်သို့ တပ်ဖွဲ့ဝင် ၅,၂၀၀ ကို ပင်တဂွန်စစ်ဌာနချုပ်မှ ဖြန့်ကျက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက အောက်တိုဘာ ၂၉ ရက်က ကြေညာခဲ့သည်။
ဝယ်လ်လင်တန်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) နယူးဇီလန်နိုင်ငံ North Island ရှိ Waitara မြို့အနီးတွင် အောက်တိုဘာ ၃၀ ရက်က အင်အား ၆.၁ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ကပြောကြားခဲ့သည်။