Connect with us

International Organizations

ကမ္ဘာ့ နိုင်ငံပေါင်း ၁၆၀ ကျော် က ခေါင်းဆောင်များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ ကျော် ၏ တာဝန်ရှိ ပုဂ္ဂိုလ်များ က တရုတ် နိုင်ငံ အား ထောက်ခံအားပေးကြောင်း ပြောကြား

တရုတ် နိုင်ငံ ဝူဟန့် မြို့ တွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများ ဆေးဝါး ကုသမှု ဆောင်ရွက်နေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ဂျီနီဗာ ရှိ ကုလသမဂ္ဂရုံး ၏ တရုတ် နိုင်ငံ ကိုယ်စားလှယ် ချိန်းရွှီ (Chen Xu) က တရုတ် နိုင်ငံ ၏ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း က တရုတ် နိုင်ငံ ပြည်သူလူထု ၏ ကျန်းမာရေး အား ကာကွယ်ပေး နိုင်သည့် တစ်ချိန်တည်း တွင် ကမ္ဘာ့ COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် တန်ဖိုးကြီးမားသည့် အချိန် များ ပိုမို ရရှိစေခဲ့သောကြောင့် လက်ရှိအချိန်တွင် ကမ္ဘာ့ နိုင်ငံပေါင်း ၁၆၀ ကျော် က ခေါင်းဆောင်များ နှင့် နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၃၀ ကျော် ၏ တာဝန်ရှိ ပုဂ္ဂိုလ်များ က တရုတ် နိုင်ငံ အား ထောက်ခံအားပေးကြောင်း ပြောကြား ခဲ့သည် ဟု ဖေဖော်ဝါရီ ၂၀ ရက် တွင် ပြောကြား ခဲ့သည်။

ချိန်းရွှီ က ဖေဖော်ဝါရီ ၂၀ ရက် တွင် ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) အပါအဝင် သက်ဆိုင်ရာ နိုင်ငံအသီးသီး နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်သွားလိုပြီး အခွင့်အလမ်းများအား ဆုပ်ကိုင်ကာ ကပ်ရောဂါ အား အမြန်ဆုံး အပြတ် တိုက်ဖျက် သွားလိုကြောင်း ၊ ကမ္ဘာ့ နိုင်ငံအသီးသီး အနေဖြင့် မှန်ကန်သည့် သဘောထား အမြင် နှင့် သိပ္ပံနည်းကျသည့် သဘောထားမျိုးဖြင့် ကပ်ရောဂါ အား ကာကွယ်ထိန်းချုပ်သွားစေလိုကြောင်း ၊ WHO ၏ ပရော်ဖက်ရှင်နယ် လမ်းညွှန်မှု နှင့် အကြံပြုချက် များကို လိုက်နာသွားပြီး အလွန်အကျွံ တုန့်ပြန်မှုများ မပြုလုပ်စေလိုကြောင်း ပြောကြား ခဲ့သည်။

သတင်းထောက်များ ၏ မေးမြန်းမှုများအား ဖြေကြားရာတွင် ချိန်းရွှီ က လက်ရှိအချိန်တွင် တရုတ် နိုင်ငံ အစိုးရ အနေဖြင့် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းပေါင်း ၃ သောင်းကျော် ၊ ဆေးဝါးကုသရေး အဖွဲ့ ၂၀၀ ကျော် နှင့် ရွေ့လျား P3 ဓာတ်ခွဲခန်း တို့ အား ဟူပေ ပြည်နယ် သို့ စေလွှတ်၍ ထောက်ပံ့မှုများ ဆောင်ရွက်စေခဲ့ကြောင်း ၊ ကပ်ရောဂါ တိုက်ဖျက်ရေး ရှေ့တန်း တွင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း များသည်လည်း လွန်စွာ တာဝန်ယူသည့် စိတ်ဓာတ်ဖြင့် တိုက်ပွဲဝင်နေကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ချိန်းရွှီ က ဆေးဘက်ဆိုင်ရာ နယ်ပယ် တွင် နာမည်ကျော်ကြားသည့် The Lancet ဂျာနယ် တွင် လတ်တလော ရက်ပိုင်း အတွင်း ဖော်ပြခဲ့သည့် ဆောင်းပါးတစ်ပုဒ် ၌ နိုင်ငံပေါင်း ၈ နိုင်ငံ မှ အများပြည်သူ ကျန်းမာရေး ကဏ္ဍ တွင် ထင်ပေါ်ကျော်ကြားသည့် ပညာရှင်ပေါင်း ၂၇ ဦး က ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ကြောင်း ၊ ထုတ်ပြန်ချက် တွင် ပညာရှင်များ က ကပ်ရောဂါ တိုက်ဖျက်ရေး တွင် ပါဝင်ဆောင်ရွက်နေသည့် တရုတ် သိပ္ပံ နှင့် သုတေသန ဌာန ၊ အများပြည်သူ ကျန်းမာရေး ဌာန နှင့် ဆေးဘက်ဆိုင်ရာ ဌာန များ တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်း များအား ထောက်ခံအားပေး ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ၎င်း တို့ ၏ ထောက်ခံမှု အပေါ် ကျေးဇူးတင်ကြောင်း ပြောကြား ခဲ့သည်။  (Xinhua)