Connect with us

North America

အမေရိကန်ပညာရှင်များက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်၏ မူလအစနှင့်ပတ်သက်၍ အပုတ်ချယူဆချက်အပေါ် ငြင်းဆို

ိုရိုနာအဆုတ်ရောင်ရောဂါ ပျောက်ကင်း၍ ဝူဟန့်ဆေးရုံမှ ဆင်းခွင့်ရတော့မည့် လူနာမစ္စယန်းအား ဆေးရုံဝန်ထမ်းများက မွေးနေ့လက်ဆောင်ပေးအပ်နေစဉ်(ဆင်ဟွာ)

ဆန်ဖရန်စစ္စကို ၊ ဖေဖော်ဝါရီ ၂၃ ရက်(ဆင်ဟွာ)

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် “ တိရစ္ဆာန်မှတစ်ဆင့် လူသားဆီသို့ သဘာဝအတိုင်းကူးစက်ဖြစ်ပေါ်လာခြင်း” ဖြစ်ကြောင်းနှင့် “ အချို့သော ဇီဝလက်နက်သုသေတနပြုလုပ်မှုမှတစ်ဆင့် ဖြစ်ပေါ်လာခြင်း” ဆိုသည့် ပြောဆိုမှုမျိုးကဲ့သို့ မဟုတ်ကြောင်း အမေရိကန်နိုင်ငံ ကူးစက်ရောဂါဗေဒဆိုင်ရာ ဦးဆောင်ပညာရှင်တစ်ဦးက ထုတ်ဖော်ပြောကြားလိုက်ပြီး ယင်းမှာ ဗိုင်းရပ်စ် စတင်ဖြစ်ပေါ်လာပုံမူလအစနှင့်ပတ်သက်၍ အပုတ်ချပြောဆိုမှုယူဆချက်အပေါ် လုံးဝ ပယ်ချနိုင်ခဲ့သလို တရုတ်နိုင်ငံ ကျန်းမာရေးကျွမ်းကျင်ပညာရှင်များအတွက်လည်း အထောက်အကူဖြစ်စေခဲ့ကြောင်း သိရသည်။

“ လက်တွေ့မကျတဲ့ သီအိုရီအယူအဆကို ကျွန်တော်ပယ်ချပါတယ်။ တိရစ္ဆာန်ကနေ လူတွေဆီကို ကူးစက်ပြီး ဖြစ်ပေါ်လာတာနဲ့ ပိုတူတယ်။ ဆားစ်(SARS) ရောဂါ နဲ့ မားစ်(MERS) ရောဂါ ပုံစံမျိုးပါပဲ” ဟု ကယ်လီဖိုးနီးယား Berkeley တက္ကသိုလ် ကူးစက်ရောဂါဗေဒဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်သူ Arthur Reingold က မကြာသေးခင်က ပြုလုပ်သောတွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ဖြေကြားခဲ့သည်။

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားကတည်းက တစ်ချို့သော အမေရိကန်နိုင်ငံရေးသမားများသည် ယင်းဗိုင်းရပ်စ်ပိုးနှင့်ပတ်သက်၍ ကောလာဟလဖြန့်ဝေမှုများ ပြုလုပ်ခဲ့သည်။ ဆီးနိတ်လွှတ်တော်အမတ် Tom Cotton က ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံအတွင်းရှိ ဇီဝဓာတ်ခွဲခန်းတစ်ခုမှ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း မကြာသေးမီက ပြောဆိုခဲ့သည်။

 “ အချို့သောဇီဝလက်နက် သုတေသနပြုလုပ်မှုကတစ်ဆင့် ဖြစ်လာတယ်ဆိုတာကို ကျွန်တော်လုံးဝ မယုံပါဘူး။ ကျွန်တော်ထင်တာကတော့ တိရစ္ဆာန်တွေဆီကနေ လူတွေဆီ သဘာဝအတိုင်း ကူးစက်ပျံ့နှံ့ပြီး ဖြစ်လာတာပါ”ဟု UC Berleley တက္ကသိုလ်မှ ကူးစက်ရောဂါဗေဒနှင့် ဇီဝစာရင်းအင်းဗေဒဌာန အကြီးအကဲတစ်ဦးလည်းဖြစ်သူ Reingold က ဆိုသည်။အလားတူမှတ်ချက်စကားတစ်ခုကို ဝါရှင်တန်အခြေစိုက် အဖွဲ့အစည်းတစ်ခုဖြစ်သည့် ကူးစက်ရောဂါပိုးမွှားများဆိုင်ရာအမျိုးသားဖောင်ဒေးရှင်းမှ ဆရာဝန်တစ်ဦးဖြစ်သူ William Schaffner က ပြောကြားခဲ့သည်။

“ ကျွန်တော်သိရသလောက် အဲဒီမေးခွန်းနဲ့ပတ်သက်ပြီး လေးစားဖွယ်ကောင်းတဲ့ ဘယ်ပညာရှင်မှ မှတ်ချက်ပြုပြောခဲ့တာမျိုးမရှိဘူး။ အခုဒီမှာရှိတဲ့ သိပ္ပံဆိုင်ရာအချက်အလက်အရဆိုရင် ဒီရောဂါဟာ SARS ဒါမှမဟုတ် MERS ရောဂါလိုမျိုးပဲ သဘာဝအဆုတ်ရောင်ရောဂါတစ်ခုပါ ” ဟု ဖုန်းအင်တာဗျူးတစ်ခုတွင် ဖြေကြားခဲ့သည်။

အပုတ်ချယူဆချက်အပေါ် နိုင်ငံတကာသိပ္ပံရှင်များက ဆန့်ကျင်တုံ့ပြန်မှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ဆေးပညာဆိုင်ရာဂျာနယ်တစ်စောင်ဖြစ်သည့် The Lancet ဂျာနယ်က COVID-19 ဆန့်ကျင်တိုက်ဖျက်မှုအား လွယ်လွယ်ကူကူမပြုလုပ်နိုင်အောင် တစ်စုံတစ်ဦးက ဟန့်တာနှောင့်ယှက်မှုကဲ့သို့ လုပ်ဆောင်နေကြောင်း ဝေဖန်ရေးသားခဲ့သည်။“ကောလာဟလ သွားပုတ်လေလွင့်ပြောဆိုမှုတွေဟာ လူမှုကွန်ရက်မီဒီယာနဲ့ သမာရိုးနည်းလမ်းတွေကတစ်ဆင့် ဆင့်ကဲဆင့်ကဲ့ ဆက်တိုက် ပေါ်ထွက်နေခြင်းဟာ ပြည်သူလူထုကျန်းမာရေးအတွက် အကျိုးယုတ်စေပါတယ်” ဟု ဖေဖော်ဝါရီ ၂၂ ရက်နေ့ထုတ် Lancet ဂျာနယ်၏  အယ်ဒီတာ့အာဘော်တွင် ရေးသား ဖော်ပြထားသည်။(Xinhua)