ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ရာတွင် အားလုံးပါဝင်သော ဖွံ့ဖြိုးတိုးတက်မှု နှင့် အကျိုးအမြတ်များမျှဝေခံစားမှု ဖြစ်စေမည့် စည်းမျဉ်းစည်းကမ်းကို နိုင်ငံအားလုံးအနေဖြင့် ဆုပ်ကိုင်ထားသင့်ကြောင်း ယနေ့နိုဝင်ဘာ ၅ ရက်တွင်ပြောကြားလိုက်သည်။
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ စီးပွားရေးသည် ရေအိုင်ငယ်တစ်ခုမဟုတ်ဘဲ ပင်လယ်ကြီးတစ်ခုဖြစ်ကြောင်း နှင့် မုန်တိုင်းသည် ရေအိုင်ငယ်တစ်ခုကိုသာ ပြောင်းပြန်ဖြစ်အောင် လုပ်နိုင်စွမ်းရှိသော်လည်း ပင်လယ်ကြီးတစ်ခုကို ဘယ်သောအခါမှ လုပ်နိုင်မည်မဟုတ်ကြောင်း သမ္မတရှီကျင့်ဖိန်က ယနေ့နိုဝင်ဘာ ၅ ရက်တွင်ပြောကြားခဲ့သည်။
ရှန်ဟိုင်း ၊ နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က တရုတ်နိုင်ငံ၏ သွင်းကုန်ပစ္စည်များ နှင့် ဝန်ဆောင်မှုကဏ္ဍများတွင် လာမည့် ၁၅ နှစ်တွင် ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၃ဝ ထရီလီယံ နှင့် ၁ဝ ထရီလီယံအထိ အသီးသီး တိုးမြင့်ရောက်ရှိလာနိုင်ဖွယ်ရှိကြောင်း ယနေ့နိုဝင်ဘာ ၅ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
ရန်ကုန်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က ပြည်သူ့ လွှတ်တော် ၊အမျိုးသားလွှတ်တော်ကိုယ်စား လှယ် နှင့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ်...
ရှီဘာဂန် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ)
ဟောင်ကောင်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံ Sapad မြို့ အရှေ့တောင်ဘက် ၆ကီလိုမီတာ အကွာတွင် နိုဝင်ဘာ ၄ရက် ဂရင်းနစ်စံတော်ချိန် ရး၅၅း၂၉နာရီတွင် အင်အား ၆.ဝပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့ ကပြောကြားခဲ့သည်။
ဘဂ္ဂဒက် ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အီရတ်အစိုးရစစ်တပ်က နိုဝင်ဘာ ၃ ရက်မှစ၍ အနောက် ကန္တရဒေသတစ်လျှောက်တွင် လုံခြုံရေး လှုပ်ရှားမှုများ အကြီးအကျယ်ဆောင်ရွက်လျက်ရှိပြီး IS အစွန်းရောက် တပ်ကျန်များကို ရှင်းလင်းရေး များ လုပ်ဆောင်နေကြောင်း သိရသည်။
မိုဂါဒစ်ရှူး ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) ဆိုမာလီယာနိုင်ငံ၌ စစ်တပ်မော်တော်ယာဉ်တစ်စီးသည် မိုဂါဒစ်ရှူးမြို့ မြို့ပြင်တွင်မောင်းနှင်နေစဉ် မြေမြှုပ်မိုင်း ထိမိပြီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က နိုဝင်ဘာ ၃ ရက် တွင် ပြောကြားခဲ့သည်။ သေဆုံးသူ ၄ ဦးအနက်...
မော်စကို ၊ နိုဝင်ဘာ ၄ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံအရေးနှင့်ပတ်သက်၍ ဒုတိယနိုင်ငံခြားရေးဝန်ကြီးများအဆင့် နှင့် အထူးကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြမည့် နိုင်ငံတကာဆွေးနွေးပွဲတစ်ခုကို နိုဝင်ဘာ ၉ ရက်တွင် ရုရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာ ၃ ရက်တွင်ပြောကြားခဲ့သည်။
ကဘူးလ်၊ နိုဝင်ဘာ ၄ ရက် (ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက နိုင်ငံတစ်ဝန်း ပြုလုပ်ခဲ့သော စစ်ဆင်ရေးများ၌ စုစုပေါင်း တာလီဘန် စစ်သွေးကြွ ၃၄ဦးကို သုတ်သင်နိုင်ခဲ့ကြောင်း နိုဝင်ဘာ ၃ရက်တွင် ပြောကြားခဲ့သည်။